အခန်း (၁၁၀)

1.5K 153 0
                                    

အခန်း (၁၁၀)

ခန့်မှန်းထားသည်ထက် ကျော်လွန်နေသော လူသတ်သမား။

တကယ်လို့ လက်ဖက်ရည်ထဲမှာ ပိုးသတ်ဆေးထည့်ထားမယ်ဆိုရင် အရောင်နဲ့ အရသာ သေချာပေါက် ပြောင်းသွားရမည်။ ပမာဏ အနည်းငယ်ကပင် နှာခေါင်းတွင် ညှော်နေနိုင်သည်။သို့သော် လက်ဖက်ပင်များတွင် ဖြန်းထားပါက ရေထဲတွင် နှပ်ခြင်းမပြုခင် အခြောက်ခံထားသော လက်ဖက်ရွက်များတွင် ပိုးသတ်ဆေး အရသာအား သယ်ဆောင်ကိုလာမည်မဟုတ်ပေ။ ပိုးသတ်ဆေးများပြားစွာ ပါနေသော လက်ဖက်ခြောက်မှာ စမ်းသပ်ချက်တစ်ခုလုပ်ရုံဖြင့် လက်ဖက်ခြောက် သို့မဟုတ် လက်ဖက်ရည်တွင် ပေါ်လာမည်ဖြစ်သည်။ ပိုးသတ်ဆေး ကြာရှည်စွာ အသုံးပြုလာခဲ့သော လက်ဖက်ရွက်များသည် ခန္ဓာကိုယ်ထဲတွင် စုပုံလာလျှင် သေချာစွာ ထိခိုက်စေမည် ဖြစ်သည်။

တကယ်လို့ ပိုးသတ်ဆေးအစား မြွေတစ်သောင်းအဆိပ်ကို အစားထိုးလိုက်ရင် ဘယ်လိုလဲ။ သူက ပိုးသတ်ဆေးနဲ့  အာနိသင်အတူတူပဲ ပြလာမှာလား။ မြွေတစ်သောင်းအဆိပ်ပါနေတဲ့ လက်ဖက်ခြောက်ကိုနှပ်လိုက်ရင် အရောင် အနံ့ အရသာ ပြောင်းလဲမသွားနိုင်ဘူးလား။ တိကျသေချာတဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေနဲ့ဆို အဆိပ်အရိပ်အငွေ့ကို ခြေရာခံနိုင်လောက်မလား။

Han Yunxi ၏ မျက်လုံးများမှာ  ပြူးကျယ်သွားသည်။ “ အဲ့ဒါပဲ ဖြစ်ရမယ်။"

Mu Qingwu မှာ လုံးဝပင် ဝေခွဲမရဖြစ်နေသည်။ “ လေးစားရတဲ့ဝမ်ဖေး ဘာပြောတာလဲ မသိဘူး။"

Han Yunxi မှာ ရှင်းပြရန် ပြင်လိုက်စဥ် သူမ နောက်ကျောဘက်မှ လေထဲတွင် တစ်စုံတစ်ရာက လျင်မြန်စွာ ဖြတ်သန်းလာသည်။

“ လေးစားရတဲ့ဝမ်ဖေး သတိထား….။" Mu Qingwu မှာ သူမအား လက်ဖက်ပင်များကြားသို့ တွန်းပို့လိုက်ပြီး သူ၏ ခန္ဓာကိုယ်ဖြင့် ကာပေးလိုက်သည်။ သူ၏ စစ်ပွဲတွင်း အတွေ့အကြုံများက လေထဲမှ ပစ်လွှတ်လိုက်သော မြှားသံအား ကြားလိုက်ရသည်။

လုပ်ကြံသူ…..

Mu Qingwu မှာ  Han Yunxi အား ကာကွယ်ရန် လှည့်လိုက်ပြီး တစ်ချိန်တည်းမှာပင် ဓါးထုတ်ကာ ချဥ်းကပ်လာသော မြှားအား ရိုက်ထုတ်လိုက်သည်။သူ၏ လှုပ်ရှားမှုများက သေသပ်တိကျကာ ကြည့်၍ လှပသည်။ သူက မြှားတံအား လမ်းကြောင်း​ ပြောင်းလိုက်သော်လည်း လုပ်ကြံသူ၏ အရိပ်အယောင်အား မတွေ့ရပေ။  သူတို့ရှေ့တွင် အရာအားလုံးမှာ ရှင်းလင်းနေပြီး လက်ဖက်ပင်များသာ ရှိနေသည်။ အလွန်အမင်း တိတ်ဆိတ်နေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now