အခန်း(၁၃၉)

1.5K 167 20
                                    

အခန်း(၁၃၉)

အကူအညီ တောင်းခြင်း။ ငါက နင်နဲ့ တစ်ပွဲလောက် ကစားပေးရမှာပေါ့။


မဒမ် Li မှာ လူကောင်းတစ်ယောက် မဟုတ်သော်လည်း သူမ၏ အဆိပ်စွမ်းရည်များအား Han Yunxi မှာ လေးစားမိဆဲဖြစ်သည်။ မဒမ် Li ၏ အဆိပ်များမှာ တော်ရုံနှင့် ကုသနိုင်မည်မဟုတ်ပေ။ ကြင်ယာတော်ကြီးYi နဲ့ Murong Wanru ရဲ့ ခေါင်းက တစ်ခုခုမှားနေတာပဲ ဖြစ်ရမယ်။ မဒမ် Li ရဲ့ အဆိပ်စွမ်းရည်က ထူးခြားမှန်းသူတို့က ရှင်းရှင်းလင်းလင်း သိနေလျက်နဲ့ သူမကို မျက်နှာသာပေးရမှာကြောင့် လျစ်လျူရှုပြီး အဆိပ်သမားတော်လေးတွေကို လိုက်ရှာနေတယ်။

"မိုးတောင် မလင်းသေးဘူး။ မိန်းကလေး Murong က ငါ့ကို ဘာလို့ တွေ့ချင်ရတာလဲ။" Han Yunxi မှာ အဖြေသိလျက်နှင့် မေးလိုက်သည်။

အကူအညီတောင်းတဲ့တစ်ယောက်ယောက်က အနည်းဆုံးတော့ သူလုပ်သင့်တဲ့ အပိုင်းကို ဆီလျော်အောင် လုပ်ရမယ်။ သူမကို ကိစ္စတစ်ခုမှ ရှင်းမပြပဲ အစေခံတစ်ယောက်လွှတ်ပြီး ရှာတယ်ဆိုရုံနဲ့ အကူအညီတောင်းတယ်လို့ မသတ်မှတ်နိုင်ဘူး။

Cui Ping ဟုခေါ်သည့် အစေခံမိန်းကလေးမှာ Murong Wanru ၏ ယုံကြည်ရသည့် လက်အောက်ငယ်သားဖြစ်သည်။ သူမက သေချာစွာ ဘာဖြစ်နေမှန်း သိသော်လည်း Murong Wanru မှာ သူမအား ဤပုဂ္ဂိုလ်အား ရှာကာ ပြန်ခေါ်လာခဲ့ရန်သာ မှာကြားခဲ့သည်။ Murong Wanru မှ အခြားမည်သည့်ကိစ္စမှ ပြောဆိုလိုက်ခြင်း မရှိတာကြောင့် သူမက ခွင့်ပြုချက်မရှိပဲ တစ်စုံတစ်ရာအား ပြောဆိုရန် အခက်တွေ့နေသည်။

"လေးစားရတဲ့ဝမ်ဖေးကို ဖြေကြားပါတယ်။ ဒီအစေခံက မရှင်းလင်းပါဘူး။ သခင်မလေးMurong က စိုးရိမ်တကြီးဖြစ်နေတာကြောင့် အရေးကြီးတဲ့ ကိစ္စတစ်ခုခုပဲ ဖြစ်ရပါမယ်။ ဒါကြောင့်မလို့ နှောင့်နှေး မနေသင့်ပါဘူး။ အပြင်မှာ ဝေါယာဥ်က အသင့်စောင့်နေပါတယ်။ မြန်မြန် ပြန်သွားရပါမယ်။" Cui Ping မှာ အလွန်ပင် ဥာဏ်ကောင်းသည်။

Han Yunxi မှာ ရယ်သာရယ်မောလိုက်သည်။ "သူမက ဘာအရေးကြီးတဲ့ ကိစ္စတွေများရှိနေလို့လဲ။ သူမကို ပြန်သွားပြီး ပြောလိုက်။ ငါက ဒီမှာ ဖြေရှင်းစရာ ကိစ္စအထပ်လိုက်ကြီး ရှိနေသေးတယ်။ ပြန်လာလို့ မရသေးဘူး။ ဒါကြောင့် နောက်မှ ပြန်လာခဲ့မယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now