အခန်း(၆၇)

1.8K 160 2
                                    

အခန်း (၆၇)

အနှောင့်အယှက်။ ဘယ်သူက သေချာတဲ့လူလဲ။

 
ထိုအချိန်တွင် အခန်းအပြင်မှ Han Congan ၏ အသံထွက်ပေါ်လာသည်။ သူက ဧကရာဇ်အား တောင်းဆိုနေပြီး သူ၏ အသံမှာ အတော်ပင် ကျယ်လောင်သည်။

“ခွေးကောင်..” Gu Beiyue က တိတ်တဆိတ် ကျိန်ဆဲလိုက်သော်လည်း သူက တံခါးဖွင့်ကာ မရပ်တန့်ရဲပေ။  တံခါးဖွင့်လိုက်လျှင် အပြင်ကလူများမှာ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး သူမ၏ အာရုံစိုက်နေမှုအား ပို၍ အနှောင့်အယှက်ဖြစ်သွားမည်ကို သူက စိုးရိမ်နေသည်။

အပြင်တွင် Han Congan မှာ ကုသမှုအား စစ်ဆေးရန် ပါဝင်ချင်နေသည်။ ထို့အပြင် သူက အတွေးများလာလေလေ ဖြစ်ပြီး သူ၏ ခံစားချက်အားများ မှန်ကန်နေသည် ယူဆကာ စိုးရိမ်နေလေဖြစ်နေသည်။ သူက အပြင်မှာ ငြိမ်ငြိမ်ထိုင်နေရင်း သူ့ရဲ့ ဆိုးဝါးနေတဲ့ အဆုံးသတ်ကို စောင့်မနေနိုင်ဘူး။ တကယ်လို့Han Yunxi က Gu Beiyue  ကိုလာဘ်ထိုးပြီး လှည့်စားလိုက်ရင် ဘယ်လိုလုပ်မလဲ။ သူက လုံးဝ အဆုံးသတ်သွားမှာမလား။ ဖြစ်နိုင်ခြေ အနည်းငယ်ဆိုရင်တောင် သူက ခွင့်မပြုနိုင်ဘူး။

သူက အထဲကို ကိုယ်တိုင်ဝင်သွားပြီး Han Yunxi ရဲ့ လှုပ်ရှားမှုတိုင်းကို ကြည့်ရမယ်။

“အရှင်မင်းကြီး ဒီအမှုထမ်းကို အထဲဝင်ကြည့်ခွင့်ပေးပါ။ ဒီအမှုထမ်းက အရှင့်သား အိမ်ရှေ့စံကို နှစ်ပေါင်းစွာ ကုသလာတာကြောင့် အခြေအနေကို တော်ဝင်သမားတော်Gu ထက်ပိုပြီး နားလည်ပါတယ်။"

ဧကရာဇ် Taihui မှာ အေးစက်စွာ ကြည့်နေပြီး တွေဝေနေဟန်ရှိသည်။

“အရှင်မင်းကြီး ဒီအမှုထမ်းကို ဝင်ခွင့်ပြုပါ။ အနည်းဆုံးတော့ ချင်ဝမ်ဖေးက ကုသမှုနဲ့ ဆေးကို ဘယ်လိုသုံးနေလဲ ဆိုတာ လူတစ်ယောက်က ပိုမြင်ရတာပေါ့။ အဲ့လိုနည်းနဲ့ စစ်ဆေးတာလဲ ပိုပြီး အဆင်ပြေနိုင်ပါတယ်။"

Han Congan ၏ စကားများမှာ ရှင်းလင်းနေသည်။ ဧကရာဇ် Taihui မှာ Han Yunxi အား အပြည့်အဝမယုံကြည်သေးတာကြောင့် ခေါင်းငြိမ့်လိုက်သည်။ “ဝင်သွားချေ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now