အခန်း(၁၃၈)

1.5K 163 19
                                    

အခန်း(၁၃၈)

တိုက်ခိုက်ခြင်း။


လူအုပ်မှာ အစောင့်အကြပ်များ၏ ထွက်ခွာသွားသည့် ပုံသဏ္ဌာန်အား စိုးရိမ်တကြီးလိုက်လံ ကြည့်ရှုနေကြသည်။ သို့တိုင် တစ်စုံတစ်ရာက ပျောက်ဆုံးနေသကဲ့သို့ အဆုံးမသတ်နိုင်သေးသည့် ခံစားချက်တစ်ခုအား သူတို့က ခံစားနေကြရသည်။

“အရှင့်သား မူဖေးကို မြန်မြန်ပြန်ခေါ်သွားရအောင်ပါ။ မူဖေးက အဆိပ်မိနေတုန်းပဲ။ ကျွန်မတို့က သမားတော်ရှာဖို့ လိုအပ်တယ်။" Murong Wanru မှာ အလောတကြီးပြောလိုက်သည်။

သို့သော် သူမ စကားများမှာ Han Yunxi အတွက် သည်းမခံနိုင်စရာဖြစ်သည်။သူမက အဆိပ်သမားတော်ဖြစ်သည်။

ဒီMurong Wanru က သူမကို လေလို ဆက်ဆံနေတာလား။

မထင်မှတ်စွာပဲ ကြင်ယာတော်ကြီးYi မှလည်း ခေါင်းငြိမ့်လိုက်သည်။ “Feiye  မြန်မြန် ပြန်ရအောင်… မူဖေးအတွက် ကျွမ်းကျင်တဲ့ အဆိပ်သမားတော် မြန်မြန်ရှာရမယ်။ မူဖေးရဲ့ လည်ချောင်းက တကယ် သက်တောင့်သက်သာ မရှိဘူး။"

Long Feiye မှာ ပြန်လည်တုံ့ပြန်ခြင်း မရှိပဲ  ကြင်ယာတော်ကြီးYi အား လက်မောင်းမှတွဲပေးလိုက်သည်။ Han Yunxi မှာ ထိုသူများအား အေးစက်စွာ ကြည့်နေသည်။ သူမက ကြင်ယာတော်ကြီးYi ဒါမှမဟုတ် Murong Wanru နှင့် ပတ်သက်၍ စိတ်ထဲမရှိသော်လည်း Long Feiye ၏ နောက်ကျောမှာ သူမအား သူစိမ်းတစ်ယောက်ကဲ့သို့ ခံစားရစေသည်။ ဖော်မပြနိုင်သည့် စိတ်ပျက်မှုတစ်ခုက သူမနှလုံးသားမှ လျှို့ဝှက်စွာ တိုးထွက်လာသည်။

ကောင်းပြီ။ အဲ့ဒီ သုံးယောက်က အစကတည်းက မိသားစုတွေပဲ။

အဲ့တာက အပြင်သို့ မောင်းထုတ်နိုင်သည်အထိ သူမက အပြင်လူတစ်ယောက်သာ ဖြစ်သည်။

မဒမ်Li  မှ ကြင်ယာတော်ကြီး Yi အား အဆိပ်သုံးခဲ့သည့် အချိန်တွင် သူမ၏ အဆိပ်ဖြေစနစ်မှ မည်သည့် အချက်ပေးမှုမျိုးမှ မရှိခဲ့ပေ။ မဒမ် Li မှ သူမတို့အား လှည့်စားခြင်းမဟုတ်လျှင် သူမ၏ အဆိပ်မှာ ထူးခြားသည့် အမျိုးအစားဖြစ်ရမည်။ အဲ့ဒီလိုဆိုရင် ကြင်ယာတော်ကြီးYi က မြို့တော်မှာ ဘယ်လို ကြောက်စရာကောင်းတဲ့ အဆိပ်ကျွမ်းကျင်ပညာရှင်ကို ရှာလာမလဲဆိုတာ သူမမြင်ချင်သေးတယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Dove le storie prendono vita. Scoprilo ora