အခန်း(၁၇၆)

1.4K 150 16
                                    

အခန်း(၁၇၆)

ခိုးကြည့်ခြင်း။ အပြစ်ရှိစိတ်။






Long Feiye ၏ စိတ်ရှည်သည်းခံမှု လျော့ပါးလာချိန်တွင် ကြင်ယာတော်ကြီး Yi မှာ  သူမ၏ စစ်ဆေးမေးမြန်း နေမှုများအား အဆုံးသတ်လိုက်ပြီးနောက် သူက နောင်တတရားခန်းမမှ မည်သို့ထွက်ခွာလာသည်အား သိရှိသွားသည်။ Han Yunxi မှာ သူ၏ အေးစက်သော အမူအရာအား ကြည့်ရင်း သူက အမေဖြစ်သူနှင့် အဘယ်ကြောင့် ဤမျှလောက်ဝေးကွာ နေရသလဲဆိုခြင်းအား နားလည်ရန် ခက်ခဲနေသည်။ သို့သော် ကြင်ယာတော်ကြီး  Yi မှာ ဤသည်အား ကျင့်သားရနေပုံ ရသည်။

Han Yunxi မှာ ဤကိစ္စအား သိပ်စဉ်းစားမနေပဲ ကြင်ယာတော်ကြီး Yi မှ သူမထံသို့ လျှောက်လှမ်းလာသည်အား သတိပြုမိသွားသည် ။ သူမ၏ အပြုံးများအား ဖယ်ရှားလိုက်ပြီး တည်ငြိမ်အေးဆေးသော အမူအရာ သို့ပြင်လိုက်သည်။ ကြင်ယာတော်ကြီး Yi မှာ သူမအား ကြည့်ကာ စကားပြောချင်သော်လည်း သူမကိုယ်သူမ ရပ်တန့်လိုက်သည်။ နောက်ဆုံးတွင် သူမက ရိုးရှင်းစွာသာ ပြောလိုက်သည်။ “အရမ်းနောက်ကျနေပြီ၊ မင်းနဲ့သူ အနားယူသင့်နေပြီ။"

အမှန်တွင် Han Yunxi မှာ အောင်မြင်မှုအတွက် ဂုဏ်ပြုခံရန် ရောက်လာခြင်း မဟုတ်ပေ။ သူမက အခြားသူများအား ထိခိုက်နစ်နာစေသော ကောက်ကျစ်သည့် သူတစ်ယောက် မဟုတ်ကြောင်း သက်သေပြလိုခြင်းသာဖြစ်သည်။ ခေါင်းညိတ်လိုက်ပြီး သူမက Long Feiye နှင့် အတူထွက်ခွာသွားလျှင် ခြံဝန်းတံခါး ရောက်ခါနီး၌ ကြင်ယာတော်ကြီး Yi မှာ စကားထပ်ပြောလိုက်သည်။ "Feiye၊ မင်းက မင်းသမီး Rongle မကြိုက်ဘူးဆိုရင် မူဖေး က ခက်ခဲ အောင်မလုပ်တော့ဘူး။"

Long Feiye ၏အကျိုး အတွက်ပြောလိုက်ခြင်းအစား သူမ၏စကားများမှာ Han Yunxi ကြားရန် ပို၍သင့်လျော်နေသည်။သံသယဝင် စရာမလိုပဲ ဤစကားများမှာ Han Yunxi  အတွက် အကောင်းဆုံးဆုဖြစ်ပြီး သူမ၏ အသိအမှတ်ပြုမှုအား အကောင်းဆုံးပြသလိုက်ဖြစ်သည်။ Han Yunxi မှာသူ့အား ဤနေရာသို့ အရင်ခေါ်လာရတဲ့ အကြောင်းအရင်းက သူ့ရဲ့ မူဖေးက သူမကို ဒုက္ခဖြစ်စေခဲ့တာကြောင့် ဖြစ်နိုင်ကြောင်း Long Feiye မှာ သိလိုက်သည်။ ဤစကားများမှ အကဲဖြတ်ကြည့်လျှင် ပြဿနာမှာ မင်းသမီး Rongle နှင့် ပတ်သက်နေနိုင်သည်။ သံသယများက သူ၏မျက်လုံးထဲ ဝင်လာသော်လည်း မတုံ့ပြန်နေတော့ပဲ ရှေ့သို့သာ ဆက်လျှောက်သွားလိုက်သည်။ ထိုအချိန်တွင် Han Yunxi မှာမူ လေးလံသောဝန်ထုပ်ဝန်ပိုးမှ သက်သာရာရသွားသကဲ့သို့ ရုတ်ချည်းပင် ပေါ့ပါးသွားသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now