အခန်း(၁၁၄)

1.5K 150 2
                                    

အခန်း(၁၁၄)

နိုးနိုးကြားကြား။ ဘာကို စောင့်နေတာလဲ။

 
 

Han Yunxi မှာ  ခြေဖဝါးအောက်တွင် နင်းခြေခံရချိန်တွင်ပင်  မယိမ်းမယိုင် တည်ငြိမ်ကာ  ယုံကြည်မှုအပြည့်ရှိသော လူမျိုးဖြစ်သည်။ အကြောင်းမှာ သူမအား  နင်းခြေနေသော သူများမှာ သူမ၏ သနားစရာကောင်းသော အခြေအနေအား သနားမည့်အစား.. သူမ တောင်းပန်လျှင် သက်ညှာပေးမည့်အစား လှောင်ရယ်မည်သူများဖြစ်ကြောင်း သိနေသည်။

သူမက ထိုငယ်ရွယ်သော ပြန်ပေးဆွဲသူမှာ အဘယ်ကြောင့် သူမအား ဤမျှ ပြင်းပြင်းထန်ထန် မထီမဲ့မြင်ပြုနေမှန်း မသိသော်လည်း သူမက ထိုသည်အား ခွင့်ပြုမည်မဟုတ်ပေ။

“ငါက အဆိပ်လူသားလို့ နင့်ကို ဘယ်သူပြောလဲ။"  ငယ်ရွယ်သော လုပ်ကြံသူ၏ မျက်နှာမှာ တည်ငြိမ်ဟန်ရှိသော်လည်း သူမရင်ထဲတွင်တော့ ထိုသို့မဟုတ်ပေ။ အဆုံးတွင် အဆိပ်ပညာ လေ့လာခြင်းသည် တိမ်တိုက်ကုန်းမြေကြီးထဲတွင် တရားနည်းလမ်းကျသော လမ်းကြောင်း မဟုတ်ပေ။ အလွန် အရေအတွက်နည်းသော လူတစ်ချို့ကသာ စွန့်စားကာ အဆိပ်ပညာ သင်ယူကြပြီး ထိုသူများထဲတွင်ပင် အဆိပ်မွေးမြူခြင်းအား သိရှိသူမှာ ပို၍ ရှားပါးသည်။ Han Yunxi က ဟန်မိသားစုရဲ့ အသုံးမဝင်တဲ့ အမှိုက်မဟုတ်ဘူးဆိုရင်တောင် သူမက ဘာမှမသိသင့်ဘူး။ ဟန်မိသားစုက အဆိပ်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှုမရှိဘူး။

သူမက တကယ်ပဲ ဒီမိန်းမရဲ့ စွမ်းရည်ကို အထင်သေးမိသွားတာလား။

ပြန်ပေးဆွဲသူ မိန်းကလေးအား ကြည့်ရင်း Han Yunxi ၏ နှုတ်ခမ်းများမှာ လှောင်ပြောင်နေဟန် ပြုံးသွားပြီးနောက် သူမ၏ အဖော်ဖြစ်သူအား လေ့လာလိုက်သည်။ “ အဲ့တာ ကြီးကြီးမားမား ကိစ္စမှ မဟုတ်တာ။  မျက်လုံးရှိတဲ့ သူတိုင်းက နင်တို့ နှစ်ယောက်စလုံးက အဆိပ်လူသားတွေဆိုတာ သိတယ်။" သူမ စကားပြောနေရင်း တစ်ဖက်မှ အစစ်အမှန် ကျွမ်းကျင်ပညာရှင် ဖြစ်ဟန်တူသော အမျိုးသမီးအား လက်ညှိုးထိုးပြလိုက်သည်။

“အဲ့တော့ ဘာဖြစ်လဲ။ နင့်ရဲ့ အဆိပ်ပါးမွှားလေးက ငါ့ကို ထိခိုက်အောင် လုပ်နိုင်မယ်များ ထင်နေလား။ ဘယ်လို ရူးနှမ်းတဲ့ အကြံလဲ။" အမျိုးသမီး ပြန်ပေးဆွဲသူမှာ ပြောဆိုလိုက်ပြီး သူမ လက်ဖဝါးအားကြည့်လိုက်သည်။ သို့သော် လုပ်ရပ်မှာ သူမအား သစ္စာဖောက်နေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now