အခန်း(၁၉၂)

1.3K 154 17
                                    

အခန်း(၁၉၂)

သူ ဘာလုပ်ချင်နေတာလဲ။






Han Yunxi မှာ  Long Feiye  နှင့်  Tang Li အား ကြည့်ရင်း နှုတ်ခမ်းများ တွန့်လိုက်သည်။  Long Feiye  မှာ သူမအား လူတစ်ယောက်အား သေသည်အထိ အဆိပ်ခတ်စေလိုမှန်း သိသော်လည်း သူမက သံသယများ ပြည့်နှက်နေသေးသည်။ အမှန်တွင်မူ သူမက ဘာတစ်ခုမှအား မသိရပေ။ သို့တိုင် အခက်အခဲများမှာတော့ မြင့်မားလောက်သည်။ အမျိုးသားနှစ်ယောက်မှာ မျက်နှာချင်းဆိုင်ထားကြပြီး Long Feiye  ၏ တစ်ဖက်မှာ လွှမ်းမိုးနိုင်ကာ သိသာစွာပင်အနိုင်ရသူ၏ အရှိန်အဝါများ ထုတ်လွှတ်နေသည်။

“မင်းနဲ့ သူမ … နှစ်ယောက်စလုံးက လိုက်လာရမယ်။ အသုံးမဝင်တဲ့ စကားပြောတာတွေ ရပ်ပြီး ပစ္စည်းကို ဒီအရှင်ဆီ ပေးလိုက်။ မဟုတ်ရင် မင်းကို ချက်ချင်းပဲ ထန်မျိုးနွယ်ဆီ ပြန်ပို့ပစ်မယ်။"  Long Feiye  မှာ နောက်ဆုံးအနေနှင့် ကမ်းလှမ်းလိုက်သည်။

“မင်း..”Tang Li   မှာ စိတ်ဓါတ်ကျသွားသည်။ သူက မင်္ဂလာဆောင်မှ ခက်ခက်ခဲခဲ ထွက်ပြေးလာရသောကြောင့် ပြန်သွားမည့်အစား သေသာ သေလိုက်မည်။ Long Feiye  ၏ လက်မှာ သူ၏ ရှေ့သို့ ရောက်နေပြီ ဖြစ်သောကြောင့် Tang Li မှာ သဘောတူလိုက်ရတော့သည်။ “ Long Feiye  အဲ့ဒီမိန်းမက အဲ့ဒီလူတွေကို သေတဲ့အထိ အဆိပ်ခတ်နိုင်တယ်ဆိုတာ မင်းက အာမခံနိုင်တာ ကောင်းလိမ့်မယ်။ မဟုတ်ရင် နောက်တစ်ကြိမ်ဆိုတာ မရှိတော့ဘူး။" သူက ပြောရင်း ဆိုရင်းဖြင့် လက်ဖဝါးထဲရှိ အနက်ရောင် စိန်ပွင့် သဏ္ဌာန် လက်နက်အား ထုတ်ပြကာ ကမ်းပေးလိုက်သည်။

အဲ့တာက ဒဏ္ဍာရီထဲက သစ်တော်ပန်းမိုးဖွဲအပ် ပေါ့။

Han Yunxi  မှာ ချက်ချင်းပင် အနားသို့ တိုးကပ်ကာ ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများမှာ မီးအိမ်များ ထွန်းညှိထားသကဲ့သို့ တလက်လက် တောက်ပနေသည်။ Long Feiye မှာသူမအား ကြည့်ရင်း အတွေးထဲ နစ်မြောနေသည်။ သူက ခလုတ်အား နှိတ်မိလိုက်ခါနီးတွင် Tang Li မှာ အလျင်အမြန် တားဆီးလိုက်သည်။ “ ဘုရားသခင် ကျေးဇူးအတွက် ဒါကို မဖြုန်းတီးပါနဲ့ ဟုတ်ပြီလား။"

ခလုတ်အား ဖိနှိပ်လိုက်သည်နှင့် ပစ်လွှတ်ပြီးသား ဖြစ်ပြီး အပ်တစ်ချောင်း ဖြန်းတီးလိုက်သလို ဖြစ်သွားမည်ဖြစ်သည်။ သစ်တော်ပန်းမိုးဖွဲအပ်တွင် သီးခြား အပ်၂၇ ချောင်းသာ ထည့်သွင်းထားနိုင်သည်။ သို့ဖြစ်၍ ပြိုင်ဘက် ၂၇ ယောက်အားသာ သတ်ဖြတ်နိုင်သည်။ Long Feiye ရဲ့ မျက်လုံးကို ဖမ်းစားနိုင်တာ ဘယ်လိုရှားပါးတဲ့ ရတနာမျိုး လဲဆိုတာ ကောင်းကင်ကပဲ သိလိမ့်မယ်။ သူက အမှန်တကယ်ပင် ခလုတ်အား မနှိပ်ပဲ Tang Li  အား စိုးရိမ်တကြီး ဖြစ်သွားစေသည်။  သူက Han Yunxi အား အားမည်သို့ အသုံးပြုရမည်ဆိုသည့် ပုံစံအား ပြသနေခြင်းသာ ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now