အခန်း(၁၀၄)

1.6K 147 9
                                    

အခန်း(၁၀၄)

 ည သွားရောက်ခြင်း။ ချည်မျှင်နှင့် တွဲကျနေသော အသက်။

 

ဆိတ်ငြိမ်ခြံဝန်းနဲ့ ဟန်အိမ်တော်က အကွာအဝေးတစ်ခု ရှိနေသေးသည်။Long Feiye က ဘယ်လောက်မြန်မြန် အချိန်တစ်ခုပေးလိုက်ရတုန်းဖြစ်သည်။ သိပ်မကြာခင်မှာပဲ Han Yunxi မှာ လည်ပင်းများ ညောင်းကာ မသက်မသာ ဖြစ်လာသည်။ သူမမျက်နှာမော့လိုက်ချိန်တွင် လေက သူမမျက်နှာအား ထပ်မံပွတ်တိုက်သွားပြီး ဆံပင်ရှည်မှာလည်း လွှင့်နေကာ သူမ မျက်နှာအား ဓါးရှသကဲ့သို့ ဖြစ်လာသည်။

Han Yunxi မှာ သူမ ခေါင်းအား ခဏသာ မော့ထားပြီး နောက်တစ်ကြိမ် နစ်မြှုပ်လိုက်ပြန်သည်။ တကယ်လို့ သူမက တစ်ချိန်လုံး ခေါင်းငုံ့ထားရင် သူမ ဟန်အိမ်ရောက်ချိန်တွင် သူမ လည်ပင်းမှာ တောင့်သွားလိမ့်မယ်။ သေချာစွာပဲ Long Feiye က သူ့နောက်ကျောက လူရဲ့ လှုပ်ရှားမှု သေးသေးလေးတောင် ခံစားမိနေသည်။ သို့သော် သူက မျက်လုံးများမှာ ရှေ့သို့သာ ကြည့်နေပြီး နေသားကျနေသကဲ့သို့ စကားမဆိုတော့ပေ။

ဒါ….ဒါပေမယ့် ချင်ဝမ်က တစ်ယောက်ယောက်ကို ကျောပိုးပေးတာ ပထမဆုံးအကြိမ်ပဲ!!!

အချိန်အတန်ကြာပြီနောက် Han Yunxi ၏ လည်ပင်းမှာ နောက်ဆုံးတွင် သည်းမခံနိုင်တော့အောင် နာကျင်လာပြီ ဖြစ်သည်။ သူမက တစ်ညလုံး မအိပ်ရသေးပဲ Long Feiye ၏ ကျောပေါ်တွင် အချိန်ကြာမြင့်စွာ ရှိနေပြီးနောက် ပင်ပန်းစပြုလာသည်။ အနည်းငယ် တွေဝေပြီးနောက်မှာတော့ သူမ မျက်နှာတွင် လျှို့ဝှက်သော အမူအရာ ပေါ်ထွက်လာပြီး နှုတ်ခမ်းသပ်လိုက်သည်။ ယခင်က Long Feiye ၏ ပုခုံးအား ဆုတ်ကိုင်ထားသည့် လက်များမှာ ဂရုတစိုက် ဆန့်ထွက်လာပြီး သူ၏လည်ပင်းအား ရစ်ပတ်လိုက်သည်။ သူမ လုပ်ပြီးသည်နှင့် Long Feiye မှ မည်သည့်အမူအရာမှ ပြမလာခင်အထိ မလှုပ်ရဲတော့ပေ။ မျက်ဝန်းအိမ်ထဲမှ မျက်လုံးများမှာ လှုပ်ရှားနေပြီး သူမ နှုတ်ခမ်းသပ်ကာ စိုစွတ်စေလိုက်သည်။ ထို့နောက် သူမ ဂရုတစိုက်ဖြင့် ခေါင်းလှည့်ကာ သူ၏ ကျောပြင်တွင် မှီလိုက်သည်။

ဒါပေါ့။ သူမလှုပ်ရှားမှုတွေက အလွန်ပင် တောင့်တင်းနေသည်။ နောက်ဆုံးတစ်ကြိမ် Long Feiye က အဆိပ်ခြင်အုပ်များနှင့် တိုက်ခိုက်ရန် သူမအား ခေါ်ဆောင်သွားချိန်တွင် တင်းကျပ်စွာ ပွေ့ဖက်ကာ ခေါ်သွားခဲ့သည်။ သို့သော် ဒီတစ်ကြိမ်တွင် သူမစိတ်နှင့်သူမ စတင် တိုးကပ်သွား ခြင်းဖြစ်သည်။ ဒီလူက သူမကို မယားကျင့်ဝတ် မလိုက်နာပဲ အကျင့်ပျက်နေတယ်လို့ တွေးနေဦးမှာလား။ Han Yunxi မှာ သူ၏ အစောပိုင်းမှ သတိပေးမှုအား စဥ်းစားမိပြီးနောက် စိတ်ဓါတ်ကျသွားသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now