အခန်း(၆၄)

1.8K 170 4
                                    

အခန်း(၆၄)

နင် အရှုံးပေးတာ ဝန်ခံဖို့ မတားဘူး။

 

နေ့လည်ခင်းတစ်ခုလုံးတွင် Duanmu Baiye မှာ Han Yunxi အား နံရံရိုက်တစ္ဆေအား မြန်မြန်ရှာရန် တိုက်တွန်းနေသည်။ ကိစ္စများမှာ နောက်ပြန်လှည့်၍ မရတော့မှတော့ သူက Yao Yao အား အပြင်ဘက်တွင် အရူးတစ်ယောက်ကဲ့သို ရှာနေစေမည့် အစား မြန်မြန်အရှုံးပေးလိုက်ချင်ပြီ။ သို့တိုင် Han Yunxi မှာ စိုးရိမ်မနေဘူး။ ယခုတွင် သူမက Long Feiye နှင့်အတူ ကျောက်တုံးစားပွဲလေးတွင် ထိုင်ရင်း လက်ဖက်ရည်သောက်ကာ မုန့်စားနေသည်။

နံရံရိုက်တစ္ဆေနှင့် ပတ်သက်၍ သူမ တစ်ခွန်းပင် မဟချေ။ Long Feiye မှာ မမေးတော့သော်လည်း ဒီမိန်းမက သူ အံ့သြသွားရလောက်အောင် မထင်မှတ်ထားတာ တစ်ခုလုပ်လိုက်ပြန်ပြီ ဝန်ခံရတော့မည်။ အကြောင်းတစ်ချို့ကြောင့် သူက Han Yunxi မှာ နံရံရိုက်တစ္ဆေအား သေချာရှာတွေ့နိုင်ကြောင်း ခိုင်မာစွာယုံကြည်နေသည်။ Long Feiye မှာ  Han Yunxi အား အပူပင်ကင်းစွာ စိုက်ကြည့်လိုက်ရင်း သတိမပြုနိုင်ခင်မှာပင် သူ၏မျက်လုံးများမှ သဘောကျမှု အရိပ်အယောင်လေးများ ဖျက်ကနဲလက်သွားသည်။

ဒီမိန်းမကို သူပထမဆုံးအကြိမ် သဘောကျမိတာပဲ။

သူမက တခြားဘယ်လို စွမ်းရည်တွေ ဖုံးကွယ်ထားသေးလဲ။

နောက်ဆုံးတွင် ကောင်းကင်မှာ လုံးဝမှောင်လာပြီ။ Duanmu Yao မှာ ပြန်ရောက်မလာသေးပေ။ Duanmu Baiye မှာ သည်းမခံနိုင်တော့ပဲ Han Yunxi ရှေ့တွင် ရပ်လိုက်သည်။ “ချင်ဝမ်ဖေး မင်းက နံရံရိုက်တစ္ဆေကို ရှာတွေ့ပြီဆိုမှတော့ အကုန်လုံးရဲ့အချိန်ဖြုန်းမနေပဲ သူ့နေရာကို ပြောလိုက်တော့။"

Han Yunxi ၏ အပူအပင်ကင်းသည် အမူအရာကြောင့် သူမ နံရံရိုက်တစ္ဆေအား ရှာမတွေ့ဟု မည်သို့သောလူကမှ ယုံကြည်မည်မဟုတ်ပေ။ သူမက တမင်ရည်ရွယ်၍ Yao Yao အား ခံစားခိုင်းထားခြင်းပင်။

ဆေးလုံးမိစ္ဆာမှာ မျက်လုံးဖွင့်လာပြီး သူ၏အကြည့်များမှာ ရှုပ်ထွေးနေသည်။ သူက Han Yunxi အား နံရံရိုက်တစ္ဆေအား ရှာတွေ့ရန် မျှော်လင့်ထားသည့်တိုင်အောင် သူက ခေါင်းကွဲမတတ်ထုတ်ပေးထားသည့် ခေါင်းစဥ်အားလည်း လွယ်လွယ်ကူကူ ဖြေရှင်းသွားနိုင်မည်အား လက်မခံချင်ပေ။ သေချာပေါက် သူအမုန်းဆုံးမှာ Long Feiye အား ပြန်ပေးဆပ်ခိုင်းရမည့် အခွင့်အရေးနှင့် လွဲချော်သွားခြင်းပင်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Där berättelser lever. Upptäck nu