အခန်း(၂၃)

2.1K 214 2
                                    

အခန်း(၂၃)

တိကျတဲ့သက်သေမရှိပဲ။


ငယ်စဥ်ကပင် Mu liuyue ဟာ စစ်သူကြီးအိမ်တော်ရဲ့ ရတနာလေးဖြစ်သည်။ မင်းသမီး Changping နဲ့အခင်ဆုံးသူငယ်ချင်းဟုလဲပြောနိုင်ကာ မယ်တော်ကြီးနှင့် ဧကရီ၏ မျက်နှာသာပေးခြင်းပင်ခံရသည်။ သူမကရိုးရှင်းတဲ့ သခင်မလေးလို့ဆိုနိုင်ပေမယ့် အများစုကတော့ ဒုတိယမင်းသမီး Changping ဟုပင်ခေါ်ကြတယ်။ တော်ဝင်ကိုယ်လုပ်တော်အချို့ကပင် သူမဆီမှာ လာဘ်ထိုးကြရသည်။

ဒီHan Yunxi ကဘယ်လိုလူမလို့လဲ။

အာဏာမရှိတဲ့အခွံသာသာချင်ဝမ်ဖေးပဲ။ သူမက ချင်ဝမ်အိမ်တော်က အစေခံတွေနဲ့တောင်ယှဥ်လို့မရဘူး။ သူ့ကိုနေခိုင်းရင် နေရမှာပေါ့။ အခုတော့မကြားသလိုလုပ်နေတယ်။ Mu liuyue ဟာ ဒေါသတကြီး Han Yunxi လက်ကိုဖမ်းဆွဲလိုက်သည်။ ပြောစရာမလိုအောင်ပင် သူမရဲ့ လက်သည်းရှည်တွေဟာ တစ်ဖက်လူရဲ့ အသားထဲထိုးဝင်သွားတယ်။

“ငါ့အစ်ကိုသတိရပြီလား။” သူမထပ်မေးလိုက်သည်။

စစ်သူကြီးMuဟာ အခန်းပြင်ထွက်လာသောအခါ ထိုမြင်ကွင်းအားမြင်လျှင် အေးစက်စွာပင် “Liuyue  သူ့ကိုလွှတ်လိုက် ..နင့်အစ်ကို သိပ်မကြာခင်သတိရလာလိမ့်မယ်။"

“အစ်ကိုက သတိမရသေးဘူးလို့ပြောတာလား။”Mu liuyue ဟာသည်းမခံနိုင်ဟန်ဖြင့် “ အဖေသူ့ကို တကယ်ယုံတယ်ပေါ့။"

Han Yunxi ဟာလက်သည်းရှည်တွေကြောင့်နာကျင်လာပြီး ဇာမဏီမျက်ဝန်းတစ်စုံနဲ့ ကြမ်းတမ်းစွာပင်ကြည့်လိုက်သည်။

“ငါ့ကိုလွှတ်…”

“မရဘူး။ အစ်ကိုသတိမရလာခင်အထိ သူပြန်လို့မရဘူး။”

Mu liuyue ဟာလွှတ်ပေးဖို့ ငြင်းဆန်နေသောကြောင့် Han Yunxi ဟာသူမလက်ကောက်ဝတ်မှ အပ်စိုက်မှတ်နှစ်ခုကို နှိပ်လိုက်တယ်။ ချက်ချင်းပင် Mu liuyue ဟာလွှတ်လိုက်ရပြီး တုန်ရင်သွားသည်။

“မင်းက ဒီဝမ်ဖေးကို တားဖို့ အခွင့်အရေးမရှိဘူး။" သူမပြောပြီးတာနဲ့ လှည့်ထွက်လိုက်တယ်။

Mu liuyue ဟာ ထပ်ပြီးလိုက်ရန်ပြင်လိုက်သော်လည်း စစ်သူကြီးMuက တားလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now