အခန်း(၇၁)

1.8K 167 4
                                    

အခန်း(၇၁)

ခါးသီးတဲ့ တွေ့ဆုံမှုနှင့် အဆိပ်ပြင်းသောလျှာ။

 

ဧကရီမှာ မယ်တော်ကြီးထံ သဘာဝကျစွာ စကားဆက်နိုင်ရန် လမ်းဖောက်ပေးလိုက်သည်။ “ ကြည့်ပါဦး ငါက ဒီနေ့ အရမ်း ပျော်နေတော့ ဒီဒုက္ခများတဲ့ ကိစ္စတွေကို သတိမရတော့ဘူး။"

Han Yunxi မှာ သူမရင်ထဲမှာပင် အေးစက်စွာပြုံးလိုက်ပြီး စကားမပြောပဲ ယောက္ခမနှင့် ချွေးမအား သူတို့ ကိုယ်ပိုင် ပြဇာတ်တွင် သရုပ်ဆောင်ခွင့်ပြုထားသည်။

“မယ်တော် သူမကို မွေးစားသမီးလို့ မသတ်မှတ်ပါနဲ့တော့။ကျွန်မတို့က မိသားစုတွေပဲ။ မယ်တော်က သူမကို နှစ်သက်နေသရွေ့ သူမက မကြာခဏ လာလည်လို့ရတာပဲ။ အတူတူပါပဲ။" ဧကရီမှာ ကိစ္စကြီး မဟုတ်သလို ပေါ့ပါးစွာ ပြောလိုက်သည်။

မယ်တော်ကြီးမှာ ခေါင်းငြိမ့်လိုက်သည်။ “ကောင်းပြီလေ။ အဲ့ဒါလည်း အဆင်ပြေတာပဲ။  Yunxi မင်းကော ဘယ်လိုထင်လဲ။"

“ကိစ္စအားလုံးက မယ်တော်ကြီးရဲ့ သဘောထားအတိုင်းပါပဲ။ ဝမ်ရယ်က တိုင်းပြည်အရေးနဲ့ အလှုပ်ရှုပ်နေတော့ ချန်ချီက သူ့ကို မနှောင့်ယှက်ချင်ပါဘူး။" ဒါပေါ့။ သူမလည်း ထင်မြင်ချက် ထုတ်ပြောပေးရမယ်လေ။ သူမ မယ်တော်ကြီးကို မမှီခိုတော့ဘူးဆိုပေမယ့် သူမကိုယ်သူမ ပြစ်မှုမြောက်အောင် မလုပ်နိုင်ဘူး။

သူမ၏ စကားများကြောင့် မယ်တော်ကြီးမှာ ခက်ခဲစွာ ပြုံးလိုက်ရသည်။ “ဟင်းဟင်း လိမ္မာတဲ့ ကလေးပဲ။"

ကိစ္စက ဒီလိုအဆုံးသတ်တော့  Han Yunxi လည်း ဆက်နေဖို့ အဆင်မပြေတော့ဘူး။ သူမ မနှုတ်ဆက်ခင် ယဥ်ကျေးသည့် အမူအရာအချို့ဖလှယ်လိုက်ပြီး ပြန်ထွက်လာလိုက်သည်။

သူမ ထွက်သွားသည်နှင့် မယ်တော်ကြီးမှာ Han Yunxi ၏ လက်ဖက်ရည်ခွက်အား ကြည့်လိုက်ပြီး မျက်နှာပျက်သွားသည်။ “ အဲ့ကောင်မလေးက အကောင်းနဲ့အဆိုး မခွဲခြားတတ်ဘူးပဲ။"

“မယ်တော် စိတ်မတိုပါနဲ့။ ဒေါသကြောင့် ကျန်းမာရေး ထိခိုက်ရတာ မတန်ပါဘူး။ အဲ့ဒီကောင်မလေးက မရိုးရှင်းဘူးလို့ ချန်ချီက ပြောခဲ့သားပဲ။ အနာဂါတ်မှာ ဒီကိစ္စကို သေချာစဥ်းစားရမယ်။" ဧကရီက မယ်တော်ကြီးအား ဖျောင်းဖျလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now