အခန်း(၁၄၂)

1.5K 139 7
                                    

အခန်း(၁၄၂)

တင်းကျပ်နေခြင်း။ မကြိုက်ဘူး...။

Han Yunxi မှာ သူ့ထံမှ စိတ်ဆိုးမာန်ဆိုးဖြင့် ဆိတ်ငြိမ်တိမ်တိုက်ဆောင်သို့ ပြန်လာခဲ့ပြီး အထဲမှ ထွက်လာသော Zhao မားမားနှင့် ဝင်တိုက်မိတော့မတတ်ဖြစ်သွားသည်။

"လေးစားရတဲ့ဝမ်ဖေး ဘာ... ဘာတွေ ဖြစ်လာတာလဲ။" Zhao မားမားက စိုးရိမ်စွာ မေးမြန်းလိုက်သည်။ ဒါပေါ့...လေးစားရတဲ့ဝမ်ဖေးက အခုလေးတင်ပဲ အရှင့်သားရဲ့ အဆောင်ကနေ ပြန်လာတယ်ဆိုတာ သူမ သိနေတယ်။

Han Yunxi မှာ ဗိုက်ထဲတွင် လေပူများဖြင့် ပြည့်နေပြီး စကားတစ်ခွန်းမှ မဆိုပဲ အပေါ်ထပ်သို့ တက်သွားလိုက်သည်။ သို့တိုင် Zhao မားမားမှသူမအား တားဆီးလိုက်သည်။ "လေးစားရတဲ့ဝမ်ဖေး ဝမ်ဖေးအတွက် စာရောက်နေတယ်။"

Han Yunxi မှာ ရပ်သွားသည်။

စာ???

သူမဆီကို ဘယ်သူက စာရေးမှာလဲ။ ဒီဘက် ကမ္ဘာမှာ သူမနဲ့ စာရေးတဲ့ အပေါင်းအသင်း မရှိပါဘူး။

"လေးစားရတဲ့ဝမ်ဖေး ဘယ်သူငယ်ချင်းက စာရေးလိုက်တာလဲ။" Zhao မားမား မှာ သိချင်စိတ်များဖြင့် စပ်စုလိုက်သည်။ စာပို့လာသည်မှာ ကလေးတစ်ယောက်သာ ဖြစ်သော်လည်း 'လေးစားရတဲ့ဝမ်ဖေး ကိုယ်တိုင် ဖွင့်ကြည့်ပါ' ဟုမှာသွားခဲ့သည်။ စာအိတ်ပေါ်တွင် မည်သည့် အကြောင်းအရာမှ မရေးထားချေ။

Zhao မားမားမှာ အလွန်အမင်း သိချင်စိတ်များသည့် အဘွားအိုတစ်ယောက်ဖြစ်သော်လည်း စာအိတ်အား ဖွင့်ဖတ်ရန် သတ္တိမရှိသေးပေ။ ထိုသို့ သိချင်နေသည်အား မြင်လျှင် Han Yunxi မှာ စာအား လှမ်းယူလိုက်ပြီး စကားတစ်ခွန်းမှ မဆိုပဲ အပေါ်တက်သွားလိုက်သည်။

ဘယ်သူကများ စာရေးလိုက်လာလဲ။

Han Yunxi မှာလည်း သိချင်စိတ်များ ပြည့်နှက်နေသည်။ သို့တိုင် သူမက စာအိတ်အား ဖွင့်လိုက်သည်နှင့် Gu Beiyue မှန်း သိသွားသည်။ သူက မနက်ဖြန် သူမနှင့် တွေ့ဆုံရန် နူးညံ့သောမွှေးရနံ့လက်ဖက်ရည်အိမ်တွင် စီစဥ်ထားခဲ့သည်။

ဒီကောင်က အခုဆို နန်းတော်ထဲက ထွက်လာသင့်ပြီ။

သူ့ရဲ့ အကျင့်စရိုက်နဲဆိုရင် သူမက တည့်တိုး မမေးရင် သူက သူမနဲ့ တွေ့ဖို့ ကျိန်းသေ ဒီနည်းလမ်းသုံးနိုင်တယ်။ သူက သူမနဲ့ ဘယ်လို ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ရှိနေလို့လဲ။ ကောင်းပြီ။ သူမ မနက်ဖြန် သွားတွေ့ရင် သိရမှာပဲ။ Han Yunxi မှာ စဥ်းစားမနေတော့ပဲ Long Feiye၏ မီးလင်းနေသည့် အဆောင်အား လှမ်းကြည့်လိုက်ကာ အနည်းငယ် တင်းကျပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Donde viven las historias. Descúbrelo ahora