အခန်း(၅၂)

1.8K 180 3
                                    

အခန်း(၅၂)

ထူးဆန်းသောရောဂါ ကိုယ်ဝန်ဆောင်အမျိုးသား။

 

ဧကရာဇ်Taihui ၏ စိတ်မရှည်မှုများနှင့် ရင်ဆိုင်လိုက်ရရင် သူမ ငြင်းခုန်နေခြင်းက အကျိုးမရှိကြောင်း သိလိုက်သည်။ သူမ ဆက်ငြင်းနေရင် သူမ ခေါင်းပဲ ဆုံးရှုံးရလိမ့်မယ်။ သူမ Long Feiye အား တစ်ချက်ခိုးကြည့်လိုက်တယ်။ သူမက အဆိပ်ပဲကုနိုင်တယ်ဆိုတာ သူသိသင့်တယ်။ တစ်ခုခုဆို သူမအတွက် ပြောပေးသင့်တာပေါ့။

စိတ်မကောင်းစွာပင် Long Feiye မှာ တစ်ဖက်တွင် အေးချမ်းစွာ လက်ဖက်ရည်သောက်နေပြီး သူမကိစ္စများအား လျစ်လျူရှုထားသည်။ Han Yunxi သူမကိုယ်သူမတောင်ရယ်ချင်သွားသည်။ သူမက သူ့ကိုအထင်ကြီးမိတာပဲ။--ဒီကောင်က သူမကိုဘယ်လိုလုပ်ကူညီမှာလဲ။-- သူက လုပ်စရာမရှိလို့ ရောက်လာတာနေမှာ။ သူမရှင်းပြလို့မရမှတော့ မရှင်းပြတော့ဘူး။ သူမ အကောင်းဆုံးကြိုးစားပြီးကုကြည့်မယ် သူမ မကုနိုင်လည်း ဧကရာဇ်က သူမကို သတ်လို့ရမှာမဟုတ်တာ။

“အရှင်မင်းကြီး ကYunxi ကို ရောဂါကုဖို့ဆင့်ခေါ်တယ်ဆိုမှတော့ အရင်ဆုံး အိမ်ရှေ့စံရဲ့ သွေးခုန်နှုန်းစမ်းခွင့်ပေးပါ။” သူမလေးနက်စွာ ပြောလိုက်သည်။

ဧကရာဇ်Taihui ကအတိအကျ ဒီစကားများအား စောင့်နေတာပင်။ “Han Yunxi ကိုယ်တော့်ကို စိတ်မပျက်စေနဲ့။"

ဖိအားများကပြင်းထန်လှသော်လည်း သူမအစွမ်းကုန်ခုခံကာ ဧကရာဇ်Taihui နှင့် Long Feiye နောက်မှ အရှေ့ဘက်နန်းဆောင်သို့ လိုက်လာခဲ့သည်။ ထိုနေရာတွင် အစောင့်အကြပ်တင်းကျပ်လှပြီး အိမ်ရှေ့စံ၏ ထူးဆန်းသောဖျားနာမှုအား လူအနည်းငယ်သာ အသေးစိတ်သိကြသည်။ ထိုအကြောင်းအရာမှာ လျှို့ဝှက်ချက်ကြီးဖြစ်ပြီး သူမက ကိုယ်ဝန်ဆောင်သွေးခုန်နှုန်းဆိုတာသာ သိတယ်။ အကယ်၍ ထိုအကြောင်းအရာသာ အိမ်ရှေ့စံ၏ အခြေအနေအမှန်ဖြစ်ပါက ရောဂါမှာ ပြောင်းလဲမှုမရှိလာတာကို သူမအံ့သြမိသည်။ အိမ်ရှေ့စံက လွန်ခဲ့သည့်ခုနစ်နှစ်မှ ဖျားနာခဲ့ပြီး အရှေ့ဘက်နန်းဆောင်မှ ထွက်ခွာခြင်းမရှိတော့ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now