အခန်း(၈၆)

1.6K 158 0
                                    

အခန်း(၈၆)

သိုလှောင်ရုံအခြေအနေ။

 

ဟန်မိသားစု သိုလှောင်ရုံမှာ အဓိကခြံဝန်းဖြစ်သည့်  Han Congan ၏  မြက်တစ်ရာခြံဝန်း အနောက်ဘက်တွင် ရှိနေခြင်းဖြစ်သည်။ အဲ့ဒါက လျှို့ဝှက်မြေအောက် သိုလှောင်ရုံဖြစ်ပြီး ဝင်ပေါက်မှာ သာမာန်အစေခံများမှ ကာကွယ်ထားခြင်းမဟုတ်ပဲ ကိုယ်ခံပညာတတ်ကျွမ်းသော အစောင့်များမှ စောင့်ကြပ်နေသည်။ Han Congan မှ အကျဥ်းချခံထားရသည့်တိုင် သူတို့က ဆက်လက်စောင့်ကြပ်နေပြီး အိမ်တော်ခေါင်းဆောင်အသစ်အား စောင့်နေသည်။

သိုလှောင်ရုံမှာ လူတိုင်း စိတ်တိုင်းကျဝင်ထွက်နိုင်ခြင်းမရှိသည့် တားမြစ်နေရာဖြစ်သည်။ လက်ပါးစေကောင်လေးမှာ အဝေး၌ပင် ရပ်လိုက်ပြီး “ လေးစားရတဲ့ဝမ်ဖေး ရှေ့ဆက်သွားလိုက်ပါ။ အစေခံက ဒီမှာပဲ စောင့်နေပါ့မယ်။"

Han Yunxi မှာဆက်လျှောက်သွားလိုက်ပြီး အစောင့်တစ်ယောက်မှာ ချက်ချင်းပင် တားမြစ်လာသည်။ “ဘယ်သူလဲ။ မင်းက သိုလှောင်ရုံကို အခွင့်မရှိပဲ ဝင်လာရဲတာလား။"

“ပထမဇနီးရဲ့ သမီး Han Yunxi" Han Yunxi မှာအေးစက်စွာ တုံ့ပြန်လိုက်သည်။

အစောင့်မှာ သူမပုံစံအား သတိပြုမိသည်အထိ စူးစိုက်ကြည့်နေသည်။ သို့တိုင် သူက လှုပ်ရှားလာခြင်း မရှိသေးချေ။ “အကြီးဆုံးသခင်မလေးဆိုရင် စည်းမျဉ်းတွေကို သိသင့်ပါတယ်။"

Han Yunxi မှာ တည်ငြိမ်စွာဖြင့် သိုလှောင်ရုံသော့အား ထုတ်လိုက်သည်။ “ သိုလှောင်ရုံသော့ကို မြင်ရတာကလည်း အိမ်တော်ခေါင်းဆောင်ကို မြင်ရတာနဲ့ အတူတူပဲ။ မင်းတို့ အားလုံးကလည်း ဒါကို နားလည်သင့်တယ်။"

သူမ အပြုအမူအား တုံ့ပြန်သည့်အနေဖြင့် အစောင့်မှာ အလန့်တကြားဖြစ်သွားသည်။ ကျန်ရှိနေသော အစောင့်များမှာလည်း နီးကပ်စွာ ကြည့်ရှုကာ သိုလှောင်ရုံသော့အမှန်ဖြစ်ကြောင်း အတည်ပြု စစ်ဆေးလာကြသည်။ အမှန်ပင် သော့အား မြင်ရခြင်းသည် သူတို့၏ သခင်အား မြင်ရခြင်းပင်။ လက်အောက်ငယ်သားများအနေဖြင့် Han Yunxi အား သော့မည်ကဲ့သို ရလာသနည်းဟု မေးမြန်းပိုင်ခွင့်မရှိပဲ သူတို့က ရိုသေစွာ သူမအား ဖြတ်သွားခွင့်ပြုလိုက်ရသည်။ Han Yunxi မှာ ရဲတင်းစွာပင် အထဲသို့ လမ်းလျှောက်ဝင်သွားလိုက်သည်။ သူမငယ်စဥ်ကပင်  ဟန်မိသားစု၏ သိုလှောင်ရုံမှာ ကြီးမားလှသည်ဟု ကြားဖူးသော်လည်း သူမ အထဲသို့ မဝင်ရောက်ခင်ချိန်အထိ အရွယ်အစားအား သတိမပြုမိလိုက်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now