အခန်း(၁၆၀)

1.4K 155 4
                                    

အခန်း(၁၆၀)

အရှုပ်အထွေးများ။ သူ၏ ရပ်တည်ချက်။



Long Feiye မှာ  Han Yunxi အား ကျောပေးထားသော်လည်း သူမက ရပ်တန့်သွားသည်နှင့်တစ်ပြိုက်နက် သူက ခံစားမိလိုက်သည်။ သူက ပြန်လှည့်ကြည့်လိုက်လျှင်  Han Yunxi မှာ ပိတ်ထားသည့် နူးညံ့သောမွှေးရနံ့လက်ဖက်ရည်ဆိုင်အား ကြည့်နေကြောင်း တွေ့လိုက်ရသည်။ သူက စကားစပြောချင်မိသော်လည်း သူ့ကိုယ်သူ ရပ်တန့်လိုက်ပြီး သူမအား အေးစက်စွာသာ ကြည့်နေလိုက်သည်။

Gu Qishao ၏ လက်ဖက်ရည်ဆိုင်အား နောက်တစ်ကြိမ် ပိတ်သိမ်းလိုက်သည်မှာ Long Feiye များလားဟု  Han Yunxi မှာ စဥ်းစားမိသည်။ သူမက အရင်တစ်ခါ ဒီမှာ စားသောက်နေတာကို မြင်သွားလို့ သူက ဒီလို လုပ်လိုက်တာလား။

သူမမှာ မတတ်သာပဲ Gu Qishao အတွက် စိတ်ဖိစီးသွားရ ပြန်သည်။ ကောင်းကင်ဘုံမွှေးရနံ့လက်ဖက်ရည်မှာ ပြစ်မှုမှတ်တမ်းရှိခြင်းကြောင့် Long Feiye မှာ သူ၏ ပိုင်ဆိုင်မှုများအား ပိတ်သိမ်း စစ်ဆေးရန် ဆင်ခြေများ ရှိနေသည်။ ဒီGu Qishao က ဘာလို့ နိမ့်ချပြီး နေဖို့ မသင်ယူရတာလဲ။  Han Yunxi မှာ လှည့်ထွက်ရန် ပြင်လိုက်စဥ် Long Feiye မှာ သူမအား ကြည့်နေကြောင်းတွေ့လိုက်ရသည်။ ချက်ချင်းပင် သူမ က အကြည့်လွှဲလိုက်သည်။

“မင်းက  Gu Qishao ကို ကောင်းကောင်းသိတာလား။"  Long Feiye မှ ရိုးရှင်းစွာ မေးမြန်းလာသည်။

Han Yunxi မှာ ခေါင်းယမ်းလိုက်သည်။ “ ဝမ်ရယ်က သူ့ကို စုံစမ်းနေတာမလို့ ဝမ်ရယ်ကပဲ ချန်ချီထက် ပိုသိသင့်တယ်မလား။"

အမှန်ပင်  Long Feiye မှာ စုံစမ်းမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း  Gu Qishao မှာ နေရာတိုင်းတွင် သူ၏ စီးပွားရေးလုပ်ငန်းများအား ရှာတွေ့နိုင်သည့် ချမ်းသာသည့် ကုန်သည်တစ်ယောက်ဖြစ်ကြောင်းသာ ရှာတွေ့ခဲ့သည်။ သူ၏ အဆိပ်စွမ်းရည်နှင့် ဖြစ်နိုင်ချေ ရှိနေသည့် ကိုယ်ခံပညာ ဆရာမှာမူ  သဲလွန်စ ရှိမနေပေ။ သူ၏ အသက်အရွယ်အရ ဆုံးဖြတ်လိုက်လျှင် သူ၏ နောက်တွင် ကြွယ်ဝချမ်းသာသော ကျောထောက်နောက်ခံ သို့မဟုတ် ငယ်ရွယ်စဥ်ကပင် မိသားစု ပိုင်ဆိုင်မှုများအား ဆက်ခံနိုင်ခဲ့သူ ဖြစ်ရမည်။ ကံမကောင်းစွာဖြင့် Chu Xifeng မှာ သူ၏ အချက်အလက်များစွာအား ရှာမတွေခဲ့ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now