အခန်း(၉၂)

1.6K 160 0
                                    

အခန်း(၉၂)

ကတိ။ ကျွန်တော်ကြီးလာရင် မမကြီးကို ကာကွယ်ပေးမယ်။

 
 

ဒီကောင်မစုတ်လေး Han Yunxi က သူမကို ပြန်ချေပဖို့ အမှန်တကယ်ပဲ သူမစကားတွေအတိုင်း ပြန်ပြောရဲတယ်။ သခင်မXu မှာ ဒေါသများအား မြိုသိပ်ထားရပြီး သူမလည်ချောင်းတွင် သွေးများစီးကျလာသလိုပင် ခံစားလိုက်ရသည်။ တကယ်လို့ သူမသာ ထိန်းချုပ်ထားရတာ မဟုတ်ရင် တံတွေးနဲ့ထွေးမိတော့မယ်။

ဒါပေ့မယ်.....

ဒီဈေးပေါတဲ့ဟာမက အိမ့်ရှေ့စံကို ကယ်ပေးနိုင်တယ်ဆိုပြီး မယ်တော်ကြီးနာမည်ကို အသုံးချလို့ ရမယ်ထင်နေတယ်။ အဲ့ဒါဆိုရင် သူမက အ လွန်းသွားပြီ။သခင်မXu မှာ အင်္ကျီလက်ထဲတွင် လက်သီးဆုပ်လိုက်သည်။ သူမက ဒေါသတကြီး စိုက်ကြည့်နေတာကြောင့် မျက်ခုံးများမှာ နားထင်ထိရောက်အောင် တွန့်ကွေးနေသည်။ အိမ်တော်၏ အကြီးဆုံးသားဟူသော နာမည်အောက်တွင် သိုလှောင်ရုံသော့မတောင်းခင် သူမ သားမှ ဒဏ်ရာများ သက်သာလာသည်အထိ စောင့်ဆိုင်းရန် မူလက စီစဥ်ထားသည်။ အခုတော့ သူမ အဲ့တာ အတွက်စိုးရိမ်မနေတော့ဘူး။ ကံကောင်းတဲ့နေ့က အခွင့်အရေးရအောင်ရွေးထားတဲ့နေ့နဲ့ မတူဘူး။ Han Yunxi ရဲ့ မောက်မာနေတာကို ရိုက်ချိုးဖို့ သူမအခုပဲ သော့လိုချင်နေပြီ။

“လေးစားရတဲ့ဝမ်ဖေးက မှန်ပါတယ်။ ဒီသာမာန်လူက မရိုမသေ လုပ်မိပါတယ်။" သခင်မXu က ဖျော့တော့စွာ ပြုံးကာ ဦးညွှတ်လိုက်သည်။

“ရှင်က နားလည်ပြီး ပြောင်းလဲလိုက်သရွေ့ အဆင်ပြေတယ်။" Han Yunxi မှာ တည်ငြိမ်ကာ ယုံကြည်ချက် အပြည့်ရှိနေတယ်။

“တကယ်လို့ ခုနစ်ယောက်မြောက်သခင်လေးက အဆင်ပြေရင် ကျွန်မက မဝင်တော့ပါဘူး။ လေးစားရတဲ့ဝမ်ဖေးက အချိန်ကိုက်ရောက်လာတာပဲ။ ကျွန်မက ဒီရက်ထဲမှာ ဝမ်ဖေးကို ဖိတ်ကြားဖို့ လုပ်နေတာ။ ကျွန်မ အဆောင်မှာ လက်ဖက်ရည်သောက်တာ ဘယ်လိုပါလဲ။" သခင်မXuက မေးလာသည်။

ထိုစကားများကြောင့် သူမက သိုလှောင်ရုံသော့နောက်လိုက်နေတယ်ဆိုတာ Han Yunxi မှ သိလိုက်တယ်။ ဒီရက်တွေမှာ Chen Xiang လေးက ခုနစ်ယောက်မြောက်မဒမ်ရဲ့ စိုးရိမ်ပူပန်နေတာကို နားမလည်ပဲ တိုက်တွန်းနေခဲ့ပေမယ့် သူမ(Han Yunxi)မှ နားလည်ထားတယ်။ သူမက လက်ထပ်ပြီးသား သမီးဖြစ်နေပြီ။ သူမက မြင့်မြတ်တဲ့ အဆင့်အတန်းရှိသော်လည်း ထုံးတမ်းအစဉ်အလာများအရ အိမ်ဟောင်းထံ မကြာခဏ အလည်အပတ်မသွားသင့်ပဲ အိမ်ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန် ပို၍ပင် မဖြစ်နိုင်ချေ။ Tianning က ပွင့်လင်းပြီး မြို့ပြအဆင့်အတန်းရှိတိုင်းပြည်ဖြစ်တာကြောင့် လက်ထပ်ပြီးသားသမီးများမှာ ကွာရှင်းမှသာ အိမ်ဟောင်း ပြန်လာကြသည်။ ကိစ္စက သည်လိုဆိုရင် သခင်မ Xuက တခြား ကိုယ်လုပ်တော်တွေနဲ့ ပူးပေါင်းပြီး သိုလှောင်ရုံသော့တောင်းလာရင် သူမ လက်လွှတ်ပေးရနိုင်တယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now