အခန်း(၁၆၂)

1.4K 181 35
                                    

အခန်း(၁၆၂)

နှစ်သစ်ကူးအကြို၊ ချို့ယွင်းချက်များမှ ကာကွယ်ပေးခြင်း။



နှစ်သစ်ကူးအကြိုနေ့တွင် နန်းတော်တစ်ခုလုံးမှာ ရောင်စုံမီးပုံးများဖြင့် သက်ဝင်လှုပ်ရှားနေသည်။ မိသားစုစားပွဲမှာ မယ်တော်ကြီး၏ ငြိမ်းချမ်းခြင်းနှင့် ကျန်းမာခြင်း နန်းဆောင်တွင် ကျင်းပခြင်းဖြစ်သည်။ Zhao မားမားမှ ပြောသည့်အတိုင်းပင် ၎င်းမှာ လူတိုင်းက ကြီးမားသောစားပွဲတွင် ဝိုင်းပတ်ကာ ထိုင်နေသည့် ညစာစားပွဲကြီးသာ ဖြစ်သည်။ အခြား အစီအစဉ်များ မရှိပေ။ သို့သော် ဤနေရာတွင် ပါးစပ်အနည်းငယ်ကပင် လုံလောက်စွာ ဒုက္ခပေး နိုင်သည်။

မယ်တော်ကြီးနှင့် ကြင်ယာတော်ကြီးYi မှာ အတူတကွထိုင်နေခြင်းမှာ ရှားပါးလွန်းလှသည်။ ဧကရာဇ် Taihui နှင့် Long Feiye  မှာ မယ်တော်ကြီး၏ ဘယ်ဘက်တွင် ထိုင်နေကာ ဘေးတွင်  အိမ်ရှေ့စံနှင့် အခြားတော်ဝင်မင်းသားများ ထိုင်နေသည်။ ဧကရီနှင့် Han Yunxi မှာ ကြင်ယာတော်ကြီးYi ၏ ညာဘက်တွင် ထိုင်နေသည်။ Han Yunxi  မှာ ငယ်ရွယ်သေးသော်လည်း ဤကဲ့သို့ နေရာချထားမှုက မိသားစုတွင် သူမ၏ ဝါစဥ်အား ဖော်ပြနေခြင်းဖြစ်သည်။  တိတိကျကျ ဆိုရလျှင် သူမ၏ ဝါစဥ်မှာ ဧကရီနှင့် တန်းတူဖြစ်သည်။

Duanmu Yao  မှာ Han Yunxi  ၏ ညာဘက်တွင် ထိုင်နေသည်။ လူတိုင်းက စတင်ကာ ညစာ စားနေပြီဖြစ်သော်လည်း မင်းသမီး Changping အား အရိပ်အယောင်ပင် မတွေ့​ရချေ။  သူမက ဘေးခန်းတွင် ရှိနေကာ မယ်တော်ကြီးအတွက် မစဥ်းစားနိုင်လောက်သော နှစ်သစ်ကူးလက်ဆောင်အား ပြင်ဆင်နေသည်ဟုသာ အထိန်းတော်တစ်ယောက်မှ လျှောက်တင်လာသည်။

“ ဒီChangping က အချိန်ဘယ်လို ယူရမလဲဆိုတာ သေချာ သိသင့်တယ်။" ဧကရီမှာ မပျော်မရွှင်ဖြင့် ဆူပူလိုက်သည်။

“ ထားလိုက်ပါ။ ငါက သူမရဲ့ အံ့သြစရာကို မျှော်လင့်နေပြီ။” မယ်တော်ကြီးမှာ အပြုံးဖြင့် တုံ့ပြန်လိုက်သည်။

ကြင်ယာတော်ကြီးYi ၏ နှုတ်ခမ်းမှာ မထိမဲ့မြင်ဖြင့် ပြုံးယောင်သန်းသွားပြီး သူမ၏ တူအား ကောက်ကိုင်ကာ လျင်မြန်စွာ စားသောက်စရာအား ညှပ်ယူလိုက်သည်။ မက်မန်းပွင့်တွေ့ဆုံပွဲတော်မှ အဖြစ်အပျက်များမှာ ပြန်ပြောရန် အနေကြပ်လှသဖြင့် သူမက စကားပြောဆိုခြင်း မရှိပေ။ အဆုံးတွင် မျက်နှာပျက်သွားရသည်မှာ သူမမိသားစုမှ Murong Wanru  ဖြစ်နေသည်။ Li ကုန်းကုန်းမှာမူ တာဝန်ပျက်ကွက်မှုဖြင့် ဧကရီ၏ လက်ထဲတွင်  သေဆုံးသွားရပြီဖြစ်သည်။ ၎င်းမှာ ဧကရီမှ ကြင်ယာတော်ကြီးYi အား စာရင်းရှင်းပေးလိုက်ခြင်းဟု ယူဆနိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now