အခန်း(၁၆၄)

1.3K 129 19
                                    

အခန်း(၁၆၄)

အဆိပ်။ နင်ပဲ ဖြစ်ရမယ်။







သေရတဲ့ အကြောင်းအရင်း။

Gu Beiyue မှာ မျက်လုံးထောင့်မှ  Han Yunxi အား လှမ်းကြည့်လိုက်သော်လည်း အခြေအနေအရ ရိုးသားစွာသာ ဖြေပေးလိုက်ဆဲဖြစ်သည်။ “အရှင့်သားကို ဖြေကြားပါတယ်။ ကျွန်တော်က အမှားလုပ်မိတာမဟုတ်ရင် မင်းသမီး Changping  က အဆိပ်ကြောင့် သေရတာပါ။ ဘယ်လိုအဆိပ်မျိုးဆိုတာလဲတော့ ကျွန်တော်က မသိပါဘူး။"

အကယ်၍ မင်းသမီး Changping သာ အသက်ရှိနေသေးလျှင် Gu Beiyue မှာ အဆိပ်မိနေကြောင်း ထောက်ပြနိုင်မည် မဟုတ်ပေ။ သို့သော် သေဆုံးပြီးသူမှာ အဆိပ်မိနေသည့် လက္ခဏာများ လျင်မြန်စွာ ပြသလာနိုင်သည်။ မင်းသမီး Changping၏ ဖြူဆုတ်နေသည့် မျက်နှာတွင် အမဲစက်များ ရှိနေသည်။ မကြာခင်ပင် သူက အမျိုးအစားခွဲနိုင်လောက်သည်အထိ အဆိပ်မှာ ပို၍ ထင်ရှားလာတော့မည်ဖြစ်သည်။

အဆိပ်!!!!

ထိုစကားများမှာ အံ့အားသင့်စရာဖြစ်သည်။ အဲ့တာက တကယ်ပဲ အဆိပ်လား။ ဘယ်လိုအဆိပ်မျိုးလဲ။ သူမကို ဘယ်သူ အဆိပ်ခတ်တာလဲ။ Long Tianmo  မှာ ရုတ်တရက် Shuang Hong အပေါ်တွင် ဒေါသမထိန်းနိုင်တော့ပေ။ “ ပြောစမ်း….. တိတိကျကျ ဘာဖြစ်သွားခဲ့တာလဲ။ မင်းသမီးနဲ့ မင်းက ဒီမှာ ဘာလုပ်နေတာလဲ။"

Changping မှာ ကြာမြင့်စွာကပင် စားပွဲသို့ ရောက်လာသင့်သော်လည်း သူမက ထူးထူးခြားခြား မြင်ကွင်းမှ ပျောက်နေသည်။ Shuang Hong  မှာ သတိလွတ်မတတ် ကြောက်ရွံ့နေပြီး ခေါင်းသာ ခါယမ်းနေသည်။ “ အစေခံ… အစေခံက .. မလုပ်…” သူမက ရုတ်တရက် ခေါင်းလှည့်ကြည့်ကာ Han Yunxi  အား လက်ညှိုးထိုးလိုက်သည်။ “ အဲ့တာ သူမပဲ။ သူမလုပ်တာ။ ချင်ဝမ်ဖေး…သူမ….”

ထိုအချိန်မှ မယ်တော်ကြီးနှင့်ဧကရီမှာ  Han Yunxi  မှာလည်း ရှိနေကြောင်း သတိပြုမိသွားသည်။

“ မင်းသမီးက မယ်တော်ကြီးအတွက် လက်ဆောင်ပြင်ဆင် ပေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူမက အဲ့တာကို ထုလုပ်ဖို့ မပြီးသေးတာမလို့ ဒီနေရာမှာ ပုန်းပြီး ဆက်ထုလုပ်နေတာပါ။ ပြီးတော့  သူမက အစေခံကို ပစ္စည်းတစ်ခု ယူဖို့ ခိုင်းလိုက်ပါတယ်။ အစေခံက ပြန်ရောက်လာတော့ မင်းသမီးက မြေကြီးပေါ်မှာ လဲကျနေတာကို တွေ့ရတာပါပဲ။ လေးစားရတဲ့ဝမ်ဖေးက သူမ ဘေးမှာရှိနေတာပါ….” Shuang Hong  မှာ မျက်ရည်များ စီးကျလာသည်အထိ ကြောက်ရွံ့နေသည်။ သူမ၏ စကားများအား ကြားလိုက်လျှင် မယ်တော်ကြီးနှင့်ဧကရီတို့မှာ Han Yunxi  အား အဆိပ်များ ပြည့်နေသည့် ကြမ်းကြုပ်သော အမူအရာဖြင့် ကြည့်လာကြသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now