အခန်း(၂၆)

2K 193 5
                                    

အခန်း(၂၆)

အရှက်ခွဲခြင်း၊ ရက်စက်သောသင်ခန်းစာ။

ပုံမှန်အားဖြင့် တည်ငြိမ်တဲ့ Gu Beiyue ဟာယခုအချိန်မှာတော့ မှုန်ကုတ်နေသည်။ သူက တော်ဝင်သမားတော်ချုပ်ဖြစ်ပြီး ဧကရာဇ်နဲ့အနီးကပ်ဆုံးလူပဲ။ ညီလာခံအတွင်းရော အပြင်ရော ဝန်ကြီးတွေကတောင် သူ့ကိုအရိုအသေပေးရသည်။

သူကဆီလျော်မှုမရှိပဲထောင်လွှားတဲ့ မင်းသမီးရှေ့မှာတော့ အကူအညီမဲ့နေတယ်။ သူက စစ်သူကြီးMuက Han Yunxi ကိုယ်စားပြောပေးဖို့ မျှော်လင့်မိပေမယ့် စစ်သူကြီးMuဟာ တံခါးဝမှာပဲ တိတ်ဆိတ်စွာကြည့်နေသည်။

 Han Yunxi ဟာသူမကိုယ်သူမကာကွယ်ချင်စိတ်မရှိတော့ပေမယ့် ဆက်ပြီးမေးခွန်းထုတ်လိုက်သည်။ “ ဒါဆိုရင် မင်းသမီးမှာ ဖမ်းဝရမ်းရှိပါသလား။"

တကယ်လို့ တော်ဝင်မိသားစုဝင်တစ်ယောက်က ပြစ်မှုကျူးလွန်ရင် ရုံးတော်မှာ စစ်ဆေးခံရမှာဖြစ်ပေမယ့် ဖမ်းဖို့အတွက်တော့ဝရမ်းလိုတယ်။

ဝမ်ဖေးတစ်ယောက်အနေနဲ့ သူမကိုစီရင်နိုင်တာမယ်တော်ကြီးပဲရှိတယ်။ သူမကိုဖမ်းချင်ရင် မယ်တော်ကြီးဆီမှ ခွင့်ပြုချက်လိုအပ်တယ်။

“မရှိသေးဘူး။" မင်းသမီးChangping မှာ သူမဘက်မှ မှန်ကန်နေသယောင်ပင်။

“ဒါဆိုရင်ငါက အခုတရားခံမဟုတ်သေးဘူး။” သူမ ဒေါသထိန်းရင်းပြောလိုက်သည်။ မင်းသမီး Changping ဟာမခံမရပ်နိုင်စွာဖြင့် တုံ့ပြန်ရန်ပြင်လိုက်စဥ်မှာပင် သူမဆက်ပြောလိုက်တယ်။

“တကယ်လို့မင်းမှာအဲ့တာမရှိရင် ဒီမှာဘာလုပ်နေတာလဲ။ မြန်မြန်ထွက်သွားလိုက်တော့။"

ဝရမ်းမရှိပဲ ဒီမင်းသမီးက လာသောင်းကျန်းနေတယ်။Changping ကဘယ်လိုပဲ မင်းသမီးဖြစ်စေဦး သူမကချင်ဝမ်ဖေး..သူမရဲ့အကြီးအကဲ။ သူမရဲ့ တော်ဝင်အဒေါ်။

မင်းသမီး Changping ဟာ အံသြတကြီး မယုံကြည်နိုင်စွာပင် Han Yunxi လက်အားဆုပ်ကိုင်လိုက်သည်။ “Han Yunxi နင်က အရမ်းရဲတင်းနေတာပဲ။ နင်က သိပ်သတ္တိရှိနေပြီး ဒီလိုပြောရဲတယ်ပေါ့လေ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now