Book 21 Chp 1

305 10 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 21 
Chapter 1 (အနီရောင် ကောင်းကင်ကိုးဆင့် ကျင့်စဉ် အဆင့် ၁၆)

လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ် ၀န်းကျင်က စပြီးတော့ တော်၀င်ရှ ကမ္ဘာတစ်ခွင်မှာ ဆန်းကျယ်တဲ့ အဖွဲ့အစည်းတွေ တစ်ခုပြီးတစ်ခု စတင်ပေါ်ပေါက်လာခဲ့တယ်လေ။ သူတို့တွေက တခြားကမ္ဘာတစ်ခုကနေ ရောက်လာခဲ့သလိုပါပဲ..။

ဒီထဲက အဖွဲ့အစည်းတစ်ခုကိုတော့ သွေးတိမ်တိုက်ခန်းမလို့ သိကြပါတယ်။

သွေးတိမ်တိုက်ခန်းမက လူသတ်သမား အဖွဲ့အစည်း တစ်ခုပါ။ သူတို့တွေက တခြား နိုင်ငံရေး ကိစ္စတွေမှာ ၀င်မစွက်ပဲ လုပ်ကြံသတ်ဖြတ်ခြင်း အလုပ်တစ်ခုကိုသာ လက်ခံဆောင်ရွက်တယ်လေ။ သာမန်လူသားတွေက စပြီးတော့ ကောင်းကင်အင်မော်တယ်တွေအထိကို သူတို့တွေက အခကြေးငွေးယူပြီး လုပ်ကြံသတ်ဖြတ်ပေးကြတယ်လေ။ တော်၀င်ရှ အင်ပါယာ တခွင်မှာ ရှအင်ပါရီယာပြည့်ရှင်လွဲလို့ ကျန်တဲ့သူအားလုံးကို သူတို့တွေ လုပ်ကြံသတ်ဖြတ်ပေးနိုင်တယ်လေ။ သွေးတိမ်တိုက်ခန်းမက တော်၀င်ရှကမ္ဘာထဲက အင်အားကြီးကလန်ကြီးတွေ ၊ မျိုးနွယ်စုကြီးတွေ ၊ ဂိုဏ်းကြီးတွေ၊ ကျောင်းတော်ကြီးတွေအားလုံးကို ဆွဲပြားတွေ ပို့ထားပေးတယ်လေ။ ဒီဆွဲပြားတွေကနေ သွေးတိမ်တိုက်ခန်းမကို ဆက်သွယ်ပြီးတော့ ဒဏ္ဍာရီလာ သွေးတိမ်တိုက်ခန်းမဆီကို ၀င်ရောက်နိုင်ပါတယ်။ ဒီမှာမှ သူတို့တွေ တောင်ဆိုတဲ့ တန်ရာတန်ကြေးပေးလိုက်မယ်ဆိုရင်.. သွေးတိမ်တိုက်ခန်းမက သူတို့ရဲ့ ပစ်မှတ်ကို သွားသတ်ပေးမှာပါ။

တာ၀န်တစ်ခု မအောင်မြင်ဘူးဆိုရင်… သွေးတိမ်တိုက်ခန်းမက နောက်တစ်ကြိမ် ထပ်ပြီးကြိုးစားပေးပါတယ်။ သွေးတိမ်တိုက်ခန်းမအနေနဲ့ တာ၀န်ကို လုံး၀ မဆောင်ရွက်နိုင်တော့ဘူး သတ်မှတ်လိုက်ရင်တော့ .. ယူထားတဲ့ ရတနာ အားလုံးကို ပြန်ပေးလိုက်မှာပါ။

သူတို့တွေ အောင်မြင်သွားတယ်ဆိုရင်လည်း တစ်ဦးနဲ့ တစ်ဦး အကြွေးတင်ကျန်တာ မရှိတော့ပါဘူး။

..

နောက်ထပ် အင်အားစုကြီးတစ်ခုကိုတော့ အက်ကြောင်းမဲ့ ဂိတ်တံခါးလို့ သိကြတယ်လေ။

Book 21 - 30Where stories live. Discover now