Chp 603 ( လိုက်လံရိတ်သိမ်းခြင်း)

34 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 30
Chapter 603 (လိုက်လံ ရိတ်သိမ်းခြင်း)

ဂျိနင်က လက်ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ အောက်ကို မျက်နှာမူလို့ထားတဲ့ ပွင့်ချပ်တွေဟာ ချက်ချင်းပဲ အစစ်အမှန် မီးလျှံတွေကို ပြန်လည် သိမ်းဆည်းလိုက်ပါတော့တယ်။ ပွင့်ချပ် ရှစ်ခုဟာလည်း အရွယ်အစားပြန်လည်သေးငယ်သွားခဲ့ပြီး နင်ရဲ့လက်ထဲကို ရောက်ရှိလာခဲ့ပါပြီ။

“ဟီးဟီး… ဆိုရိုးစကားလိုပေါ့.. ကိုယ့်ရဲ့ အခေါင်းကို မမြင်ရမချင်း မျက်ရည်မကျဘူးဆိုသလိုမျိုး… ငါနဲ့တိုက်ခိုက်ရင် မင်းပဲ သေရမယ်ဆိုတာကို သိပေမဲ့လည်း အခုအချိန်အထိကို ငါနဲ့ တိုက်ခိုက်ခဲ့တယ်လေ။”
ဒါပေမဲ့ အစွမ်းထက်လွန်းလှတဲ့ ရန်သူကြောင့် စိတ်ထဲကနေ နင် ကြိတ်ပြီးတော့ သက်ပြင်းချလိုက်မိပါတယ်။ နင့်ဆီမှာ အစစ်အမှန် မီးလျှံ ရှစ်မျိုး ရှိနေခဲ့တယ်လေ။ ရန်သူကတော့ မှော်ရတနာကိုသာ အသုံးပြုပြီး ခုခံကာကွယ်ခဲ့ရတာပါ။ ဒီ အစစ်အမှန် အင်မော်တယ်က သူ့ထက်ပိုပြီးတော့ စွမ်းအင်တွေအသုံးပြုခဲ့ရတယ်လေ။ ဒါပေမဲ့လည်း တာအိုဖခင်ကြီး အဆင့်လောက်ကို အစွမ်းထက်နေတဲ့ အတွက်ကြောင့် သူက ဆယ့်ငါးနှစ်တိတိကို ကြံ့ကြံ့ခံ  ရင်ဆိုင်နိုင်ခဲ့တာပါ။

ဒါကိုကြည့်လိုက်မယ်ဆိုရင်…နင်နဲ့ တာအိုဖခင်ကြီး အကြားဘယ်လောက်တောင် ကွာခြားချက် ကြီးမားတယ်ဆိုတာကို မြင်နိုင်ပါလိမ့်မယ်။ သူသာ အကျဉ်းကျမနေဘူးဆိုရင်.. နင့်ကို သူဦးညွတ်လာမှာ မဟုတ်ပါဘူး။

၀ှစ်

ဇလုံသဏ္ဌာန် မှော်ရတနာ ပျောက်ကွယ်သွားခဲ့ပါပြီ။ အစစ်အမှန် အင်မော်တယ် ဆောင်းတောင်ထိပ်ဟာလည်း ပြန်ပေါ်ထွက်လာခဲ့ပြီလေ။ သူ့ရဲ့ မျက်လုံးမှာတော့ ဒေါသထွက်ခြင်း အရှက်ရခြင်း စတဲ့ အရိပ်အရောင်တွေ ရှိလို့နေပါတယ်။ နင်ကို သူစိုက်ကြည့်လိုက်ပြီး
“အေး.. ငါအရှုံးပေးတယ်။ ငါ… ငါ.. မင်းဆီမှ… အမှုထမ်းဖို့ …လက်ခံပေးမယ်။”

ဒေါသ

အရှက်

သူ့အတွေးတွေ အများကြီးရှုပ်ထွေးနေလို့ပါ။ သူ့အတွက် ဂျိနင်ကို ဦးညွတ်ရတာဟာ ကောင်းကင်အင်မော်တယ် တစ်ဦးကို ဦးညွတ်ခဲ့ရတာနဲ့ အတူတူပဲလေ။ သူတို့လို အဆင့်ရှိတဲ့ တန်ခိုးရှင်တွေမှာ မာနတရားရှိပါတယ်။ ဒါပေမဲ့လည်း ဒီနေရာမှာ နှစ်ပေါင်းများစွာ အကျဉ်းကျနေခဲ့တဲ့အတွက် စိတ်သဘောထားအနည်းငယ်တော့ ပြောင်းလဲသွားခဲ့ပါပြီ။ မဟုတ်ဘူးဆိုရင်တော့ ဒီလို ဦးညွှတ်ရမဲ့ ကိစ္စထက်စာရင် သေဖို့လမ်းကိုပဲ သူရွေးချယ်လိုက်မှာပါ။ အခုတောင်မှ သူဆယ့်ငါးနှစ်တိတိကို တောင့်ခံခဲ့တယ်မဟုတ်ဘူးလား..

Book 21 - 30Where stories live. Discover now