Chp 605 ( မဟာယုရဲ့လူသားကမ္ဘာ)

32 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 30
Chapter 605 (မဟာယုရဲ့ လူသားကမ္ဘာ)

“တပည့်အောင်မြင်သွားပြီလား…”
ရွှီးဖူတိလည်း နင်နဲ့ မျက်နှာချင်းဆိုင်မှာ ကြာပန်းသဏ္ဌာန် ထိုင်လိုက်ပြီးတော့
“ထိုင်လေ”

နင်လည်း ကြာပန်းသဏ္ဌာန် ထိုင်ချလိုက်ပါတယ်။ ခေါင်းညိတ်ပြီး သူစကားဆက်လိုက်ပြီလေ။
“ဒါပေမဲ့.. အခုတော့ အကြမ်းဖျင်းပဲ ရပါသေးတယ်ဆရာ…”

“မင်းရဲ့ဓားသိုင်းနာမည်က ဘာတဲ့တုန်း…”
ရွှီးဖူတိလည်း မေးလိုက်ပါတယ်။

“ပင်းယွဲ့ ဓားသိုင်းပါ…”
နင်ပြန်ဖြေလိုက်တယ်လေ။

ရွှီးဖူတိလည်း ခေါင်းညိတ်လိုက်ပြီးတော့
“တပည့်တီထွင်ထားတဲ့ ဓားသိုင်းက မဆိုးဘူး…. ဒီ ဓားသိုင်းနဲ့ ကျောင်းတော်တစ်ခုတောင် တည်ထောင်လို့ ရတယ်။ ဒါက ဓားသိုင်းအသစ်ဖြစ်နေသေးပေမဲ့လည်း .. သူ့ရဲ့ အလားအလာက အရမ်းကို ကောင်းနေတယ်လေ။ ဟားဟား… တပည့်ဓားသိုင်းကို အသုံးပြုတဲ့ နည်းက တကယ့်ကို အံ့မခန်းပဲ… တပည့်ရဲ့ အင်အားကို နှိမ့်ချလိုက်ပြီးတော့ ဇီဖူတန်ခိုးရှင်၊ ၀မ်းရှင်းသူတော်စင်၊ မူလတာအိုတန်ခိုးရှင်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့တယ်။ ဒီဓားသိုင်းကို ဒီကနေ တီထွင်နိုင်ခဲ့တာ… တပည့် မတိုင်ခင်တုန်းကဆိုရင်လည်း လောကသုံးပါးရဲ့ တချို့ ပုဂ္ဂိုလ်တွေဟာ ငယ်ရွယ်တဲ့ တန်ခိုးရှင်လေးတွေကို လေ့ကျင့်တိုက်ခိုက်ဖို့ လမ်းညွှန်ခဲ့တာ ရှိတယ်။ ဒါပေမဲ့ ဘယ်သူကမှ ဒီလောက်အထိ စိတ်နှစ်မြုပ်ပြီး ကြိုးကြိုးစားစား မလေ့ကျင့်ခဲ့ကြဘူး.. ဒါကြောင့်လည်း ပြိုင်စံရှားလှတဲ့ ဓားသိုင်းကွက်ကို မတီထွင်နိုင်ခဲ့ကြတာ…”

“ကျွန်တော်တောင် နည်းနည်းရှက်သွားပြီ ဆရာ…”
နင်ရယ်မောပြီး ပြောလိုက်ပါတယ်။

“ဆရာ တကယ်ကို စဉ်းစားခဲ့သေးတယ်။ အားနည်းတဲ့ တန်ခိုးရှင်တွေရဲ့ ဓားသိုင်းကွက်တွေက နှေးကွေးပြီးတော့ အားပျော့မှာပဲလေ။ တပည့်ကို တပည့် သူတို့ထက်ပိုပြီးတော့ အဆင့်အထိ ရောက်အောင် နှိမ့်ချလိုက်ပြီးတော့ လေ့ကျင့်တိုက်ခိုက်တာကြောင့်… အင်အားကွာခြားမှု ကြီးမားလွန်းခဲ့တယ်။”
ရွှီးဖူတိလည်း ခေါင်းညိတ်လိုက်ပြီးတော့
“ဒါပေမဲ့.. တပည့်က သူတို့နဲ့ ရင်ဆိုင်တိုက်ခိုက်တာကြောင့် အများကြီးကို အောင်မြင်တိုးတက်လာခဲ့တယ်လေ။ တပည့်ရဲ့ နောက်ပိုင်းရင်ဆိုင်ရမဲ့ ရန်သူတွေဟာလည်း သူတို့တွေလို အားနည်းတဲ့ လူတွေ ဖြစ်တော့မှာ မဟုတ်တော့ဘူးနော်…”

Book 21 - 30Where stories live. Discover now