Chp 599 ( ကျင့်ကြံမှု မိုးထိမြင့်မားသွားခြင်း)

42 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 29
Chapter 599 (ကျင့်ကြံမှု မိုးထိမြင့်မားသွားခြင်း)

ဖူရှီလည်း တခဏလောက် တွေးတောနေပြီး ပြောလာခဲ့ပါတယ်။
“ဂျိနင်.. ကောင်းကင်ဘုံကို အပြစ်ပေးသူကို ဘယ်လောက် ရာခိုင်နှုန်းအထိ မင်းထိန်းချုပ်ထားနိုင်ခဲ့လည်း။”

“ကျွန်တော်အပြည့်အ၀ ထိန်းချုပ်ထားနိုင်နေပါပြီခင်ဗျာ…”
ဂျိနင်လည်း လေးစားမှု့ အပြည့်နဲ့ ဖြေလိုက်ပါတယ်။

“အိုး…”

ဖူရှီလည်း ပြုံးလိုက်ပြီးတော့
“ဒီလို မဟာမ၀င်္ကပါမှာ မရေမတွက်နိုင်တဲ့ ကောင်းကင်အင်မော်တယ်တွေ လွတ်မြောက်အင်မော်တယ်တွေကို ထ်ိန်းချုပ်ရတာကြောင့် နှလုံးသားအင်အားကော အင်မော်တယ် စွမ်းအင်အတွက်ပါ အရမ်းကို ဖိအားတွေ ဖြစ်စေတယ်။ ပြီးတော့ အရမ်းကို အစွမ်းထက်တဲ့ စိတ်ဝိညာဉ် နှလုံးသားအင်အားပညာရပ်ကိုလည်း ပိုင်ဆိုင်ထားဖို့ လိုအပ်သေးတယ်။ လောကသုံးပါးမှာ ရှိရှိသမျှ အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေထဲ မင်းတစ်ဦးတည်းသာ ဒီ၀င်္ကပါကို ထိန်းချုပ်ဖို့ အသင့်တော်ဆုံး ပြောလို့ရတယ်။ အစောပိုင်းက ဘယ်သူကမှ မင်းလောက် အစွမ်းမရှိခဲ့ကြဘူးလေ။ ဒါကြောင့်လည်း ပြီးပြည့်စုံတဲ့ ကောင်းကင်ဘုံကို အပြစ်ပေးသူက အမြင့်ဆုံးလို့ အားလုံးက သတ်မှတ်ခဲ့ကြတာ…”

နင်လည်း ခေါင်းညိတ်လိုက်ပါတယ်။ ကောင်းကင်ဘုံကို အပြစ်ပေးသူလို ၀င်္ကပါ အမြောက်အများပဲ ရှိနေသလို သူ့ဆရာရွှီးဖူတိဆီမှာလည်း ဒီလို အလားတူ ၀င်္ကပါ တော်တော်များများ ရှိနေတယ်လေ။ သူတို့ကလည်း ကောင်းကင်ဘုံကို အပြစ်ပေးသူလောက်သာ အစွမ်းထက်တဲ့အတွက် နင်ထပ်ပြီး မတောင်းတော့တာပါ။

“နှလုံးသားအင်အား စတုတ္ထမြောက်အဆင့်… ပြီးတော့ စိတ်ဝိညာဉ် နှလုံးသားအင်အား ပညာရပ်.. ဟုတ်တယ်။ မင်းက ဒီ ၀င်္ကပါတွေအတွက် ပြီးပြည့်စုံတဲ့ အသုံးပြုသူပဲ…”
ဖူရှီလည်း ပြုံးလိုက်ပြီးတော့
“ငါ့ကို အချိန်နည်းနည်းလောက် ထပ်ပေးလိုက်။ မင်း၀င်္ကပါထဲက ကောင်းကင်အင်မော်တယ်တွေနဲ့ လွတ်မြောက်အင်မော်တယ်တွေ ပိုများသွားအောင် ငါလုပ်ပေးမယ်။ ဒါဆို မင်း၀င်္ကပါရဲ့ အစွမ်းကလည်းတိုးလာမှာပဲလေ။ ဒါပေမဲ့.. ဒါကို အပြည့်အ၀ထိန်းချုပ်ဖို့ကတော့ ပိုပြီးခက်ခဲသွားလိမ့်မယ်နော်..”

Book 21 - 30Where stories live. Discover now