Book 25 Chp 5

44 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 25 
Chapter 5 (မိုးကောင်းကင်စမ်းသပ်စစ်ဆေးခြင်း)

ဦးလေးဖြူ၊ ဆောင်းဦးသစ်ရွက်လေး၊ မူနော့စွန်း.. တို့လို အဝေးကနေ ကြည့်နေကြတဲ့ လူတွေအားလုံး စိတ်လှုပ်ရှားနေခဲ့ကြပါပြီ။ အင်မော်တယ်ဒန်ချိုင်ကတော့ သူတို့ကို ဖြေသိမ့်အားပေးနေခဲ့ပါတယ်။
“ငါတောင်မှ ငါ့ရဲ့ မိုးကောင်းကင်စမ်းသပ်စစ်ဆေးမှုကို ကျော်ဖြတ်အောင်မြင်သွားခဲ့ပြီလေ။ ငါ့ရဲ့တပည့်ကငါ့ထက်ကို အများကြီးအစွမ်းထက်နေတာ…။ သူ့ရဲ့ မူလအမွှာက ကီလမ်းစဉ်ကိုလျှောက်သူပေမဲ့လည်း… သူ့ရဲ့ မိုးကောင်းကင်စမ်းသပ်စစ်ဆေးမှုတွေက အရမ်းကြီးတော့ မခက်ခဲလောက်ပါဘူး။ သူအောင်မြင်မှာပါ။”

“အမှန်ပဲ..”
ယုဝေအပါအ၀င် အားလုံးပဲ ခေါင်းညိတ်လိုက်ကြပါတယ်။ ယုဝေလည်း စိတ်တော့ပူပန်နေခဲ့တယ်လေ။ ဂိုဏ်းချုပ်ကြီးလူရဲ့ တပည့်ဖြစ်တာကြောင့် ဂိုဏ်းချုပ်ကြီးလူဟာ မိုးကြိုးစမ်သပ်စစ်ဆေးမှု န၀မမြောက်အဆင့်အထိကို ကျော်ဖြတ်ခဲ့ရတာကို သိနေခဲ့လို့လေ။ ကီလမ်းစဉ်လျှောက်သူအတွက် ဒီလောက် ကြောက်စရာကောင်းတဲ့ မိုးကောင်းကင်စမ်းသပ်စစ်ဆေးမှုကို ရင်ဆိုင်ရတာ…။

၀ှစ်

အဝေးတောင်ထိပ်ထက်မှာ ကြာပန်းသဏ္ဌာန်ထိုင်လို့နေတဲ့ နင်ရဲ့ မူလခန္ဓာကိုယ်ဟာ ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားခဲ့ပါပြီ။ ရေအောက်နန်းတော်ထဲ သူ၀င်သွားခဲ့ပြီလေ။ မူလအမွှာ အနက်ရောင်နင်တစ်ဦးတည်းသာ ကျန်ရစ်ပါတော့တယ်။

အနက်ရောင်နင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ မူလရွှေကြာပန်းဟာလည်း စတင်ပြီးတော့ အဆင့်တက်လာခဲ့ပြီလေ။ အထွတ်အထိပ် မြေကမ္ဘာအဆင့်စွမ်းအင်တွေနဲ့ ဆင့်ခေါ်လိုက်တဲ့အတွက် မိုးကောင်းကင်စမ်းသပ်စစ်ဆေးခြင်း စတင်ဆင်းသက်လာခဲ့ပါပြီ။

ဝေါ ဝေါ ဝေါ

လေပြင်းတွေ စတင်ဖြစ်ပေါ်လာခဲ့ပါပြီ။

“စတင်ပြီ…”

“ဝါယောစမ်းသပ်စစ်ဆေးခြင်း”

“ကောင်းကင်အင်မော်တယ် စမ်းသပ်စစ်ဆေးခြင်းတွေ စတင်ပြီ…။”
အင်မော်တ် ဒန်ချိုင်တို့အားလုံး စိတ်လှုပ်၇ှားစွာ ကြည့်နေမိကြပါတယ်။

Book 21 - 30Tahanan ng mga kuwento. Tumuklas ngayon