Book 25 Chp 19

44 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 25 
Chapter 19 (ပြင်းထန်သော တိုက်ပွဲ)

မျက်နှာဖြူ ရေနဂါးကြီးလည်း သူ့ရဲ လက်ကြီးတစ်ဖက်ကို မြောက်ပြီးတော့ ကာကွယ်လိုက်ပါတယ်။ အကြေးခွံတွေနဲ့ လက်သည်းရှည်ကြီးတွေဟာ သူ့လက်မှာ ရှိနေလို့ပါ။

ယူနီတီရဲ့ ကောင်းကင်ဘုံကို အပြစ်ပေးသူက ပုဆိန်ကြီးတစ်ခုအလား လက်ဝါးစောင်းကြီးနဲ့ မျက်နှာဖြူရေနဂါးကြီးကို ရိုက်ချလိုက်တဲ့ အင်အားဟာ အလွန်ကို ပြင်းထန်လွန်းလှတဲ့အတွက် မျက်နှာဖြူရေနဂါးကြီး အနောက်ကို နည်းနည်း ဆုတ်သွားခဲ့ရပြီလေ။ ဒါပေမဲ့ ချက်ချင်းပဲ သူ့ရဲ့ မီတာ ကိုးသောင်းရှည်လျားတဲ့ အမြီးကြီးနဲ့ ကောင်းကင်ဘုံကို အပြစ်ပေးသူ ယူနီတီကို ခန္ဓာကိုယ်လှည့်ပတ်လိုက်ပြီး ရိုက်ချလိုက်ပါပြီ။

ယူနီတီရဲ့ ကောင်းကင်ဘုံကို အပြစ်ပေးသူဟာ တစ်ဖက်ကို မြောက်ပြီးတော့ မြန်မြန်ကာကွယ်လိုက်ရပြီလေ။

၀ုန်း

သူလည်း အနောက်ကို ဟန်ချက်မထိန်းနိုင်တော့ပဲ လွင့်စဉ်သွားခဲ့ပါတယ်။ ကြီးမားလွန်းလှတဲ့ မီတာသုံးထောင်လောက် မြင့်မားတဲ့ လှိုင်းလုံးကြီးတွေ ရေကန်ကြီးထဲ ဖြစ်ပေါ်လာခဲ့ပြီလေ။ ဒါပေမဲ့ ဒီလှိုင်းလုံးကြီးတွေက ယူနီတီအပေါ် အကျိုးသက်ရောက်မှု မရှိခဲ့ပါဘူး။ သာမန်လူသားတစ်ဦး ရွှံ့ကန်တစ်ခုထဲ ချော်လဲကျသွားတဲ့သဘောအတိုင်းပါ။ ချက်ချင်းပဲ ကုန်းရုန်ထာလာခဲ့တဲ့အတွက် ရေလှိုင်းတွေ ထပ်ပြီး ဖြစ်ပေါ်လာပြန်ပါပြီ။ သတ္တဝါရိုင်းကြီးဆီကို သူ ထပ်ပြီး ပြေး၀င်သွားခဲ့ပြီလေ။

ရှင်းတျန်း နတ်ဘုရားခန္ဓာကိုယ်ကြီးနဲ့ သတ္တဝါရိုင်းကြီးတို့ တိုက်ကွက်ပေါင်းများစွာ ဖလှယ်ခဲ့ပြီးကြပါပြီ။ သူတို့နှစ်ဦးရဲ့ တိုက်ပွဲဟာ တကယ်ကို ရက်စက်ပြင်းထန်လွန်းပါတယ်။

နဂါးရှစ်ကောင် တိမ်တိုက်မြို့တော်ထဲမှာတော့…

ရှအင်ပါရီယာ ပြည့်၇ှင်၊ ဂျိနင်တို့အားလုံးလည်း တိုက်ပွဲကို အာရုံစူးစိုက်ပြီးကြည့်နေခဲ့ပါတယ်။

Book 21 - 30Donde viven las historias. Descúbrelo ahora