Book 21 Chp 14

50 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 21 
Chapter 14 (တိတ်တဆိတ် စောင့်စားနေခြင်း)

“အင်း”
ခရမ်းရောင်မြက်လေးလည်း ခေါင်းညိတ်ပြလိုက်ပါတယ်။

ဂိုဏ်းချုပ်ကြီး အာကေနမ်လည်း တိတ်တဆိတ် သူမကို လေ့လာကြည့်မိလို့ပါ။ သူ့အရှေ့က ခရမ်းရောင်ပန်းပွင့်ကို  ရွှေရောင် ၀တ်စုံထက်  လှပစွာပန်းထိုးလို့ထားတဲ့ ကောင်မလေးက တကယ်ကိုထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီလေ။ သူမနောက်မှာ ရှိနေတဲ့ ကောင်းကင်အင်မော်တယ်တွေအားလုံးက သာမန်ရွှေရောင် ၀တ်စုံကိုပဲ ၀တ်ဆင်ထားကြပါတယ်။ သူတို့က သူမထက်ကို အဆင့်နိမ့်ကြောင်း ထင်ရှားနေလို့ပါ။

“မီးလျှံငယ်ကလန်ရဲ့ ကောင်းကင်အင်မော်တယ် အာကေနမ်.. ကျွန်မ ဘာဖြစ်လို့ ရှင်တို့ကို လာရှာရတာလဲဆိုတာ သိရဲ့လား…”
ခရမ်းရောင် မြက်လေးက တစ်ချက် ရယ်မောလိုက်ပါတယ်။

“အာကေနမ်လည်း တမန်တော်ရဲ့ စိတ်ကို မခန့်မှန်းနိုင်ပါဘူးခင်ဗျာ..။”
ဂိုဏ်းချုပ်ကြီးအာကေနမ်ရဲ့ ပြောဆိုလှုပ်ရှားပုံတွေက တော်တော်ကြီးကို ယဉ်ကျေးလို့ နေပါတယ်။

ခရမ်းရောင် မြက်လေးလည်း ရယ်မောလိုက်ပြီးတော့
“ဟားဟားဟား… ဒီနှစ်တွေမှာ ကျွန်မတို့ အက်ကြောင်းမဲ့ ဂိတ်က ရှင်တို့ မီးလျှံငယ်ကလန်ကို ကူညီခဲ့တာ အကြိမ်မနည်းဘူးနော်။ ကျွန်မတို့ရဲ့ စိတ်သဘောထားကို ရှင်တို့တွေ နားလည်လောက်ပါပြီ။ ကျွန်မတို့ရဲ့ တကယ့် အစစ်အမှန်အင်အားကို အနည်းငယ်သာ လှစ်ဟပြလိုက်ပေမဲ့လည်း… ကျွန်မတို့ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာကို ရှင်သိထားပြီး ဖြစ်မှာပါ။ ကျွန်မတို့ အက်ကြောင်းမဲ့ ဂိတ်က တော်၀င်ရှ ကမ္ဘာတစ်ခွင်မှာ လုပ်ချင်တာ လုပ်နိုင်နေတာ.. ရှအင်ပါ၇ီယာပြည့်ရှင်က ကျွန်မတို့ကို ဘာများတတ်နိုင်ခဲ့လို့လဲ..။ ကျွန်မတို့ကို စောင့်ကြည့်နေရုံပဲ တတ်နိုင်ခဲ့တာ မဟုတ်လား..။”

“အင်း.. မှန်ပါတယ်။”
ဂိုဏ်းချုပ်ကြီး အာကေနမ် ဖြေလိုက်ပါတယ်။

အက်ကြောင်းမဲ့ ဂိတ်ဟာ အရမ်းကို အစွမ်းထက်ပါတယ်။ ရှမင် အင်ပါရီယာကလန်ကြီးဟာ အံ့မခန်းကို အစွမ်းထက်ပေမဲ့လည်း သူတို့တွေက ဒီလို ထင်ရာစိုင်းနိုင်နေကြတယ်လေ။ သူတို့ကိုယ်သူတို့ ယုံကြည်မှု မရှိပဲနဲ့ ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး လှုပ်ရှားနိုင်ပါ့မလဲ..။ ရှအင်ပါယာက ကောင်းကင်အင်မော်တယ်တွေက အရူးတွေမှမဟုတ်ကြတာ..။ ရှကလန်ရဲ့ တုံဏှိဘာဝေ နေခြင်းက အက်ကြောင်းမဲ့ ဂိတ်ဟာ ဘယ်လောက်တောင်အစွမ်းထက်လည်းဆိုတာကို ထင်ရှားနေစေပါတယ်။

Book 21 - 30Where stories live. Discover now