Book 21 Chp 15

48 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 21 
Chapter 15 (မီးလျှံငယ်ကလန် တိုက်ခိုက်ပြီ)

“အဲ…”
ဂျိနင် ၀မ်းသာပျော်ရွှင်လို့ သွားပါတယ်။

“ဖိုးဖိုး .. ဖိုးဖိုးက ယမဘုရင် ၁၀ ပါးထဲက တစ်ပါးပဲလား…”
ယူချီရှီးယွဲ့လည်း ပါးစပ်အဟောင်းသားဖြစ်လို့သွားပါတယ်။

ယန်ဘုရင်က အားရပါးရ ရယ်မောလိုက်ပြီး
“ပြန်လည်မွေးဖွားခြင်း စက်ဝိုင်း အသေးလေးမှာ တာ၀န်ယူထားတဲ့ ၁၀ ဦးထဲက တစ်ဦးတည်းပါကွယ်။ ဖိုးဖိုးတို့က တာအိုဖခင်ကြီး သွေးနီရဲ့ လက်အောက်ခံနယ်မြေလေးတွေကိုသာ စီမံခန့်ခွဲတာပါ။ ပြောရရင် .. အခုဆို ဖိုးဖိုးတို့လို ယမဘုရင်ပေါင်း ထောင်နဲ့ချီပြီး ရှိနေပြီလေ။ မူလငရဲပြည်က ၁၀ ဦးကတော့ ၁၀ ဦးလုံးဟာ အစစ်အမှန်အင်မော်တယ်နဲ့ အင်ပါရီယာ နတ်ဘုရားတွေချည်းပဲလေ။”

“ဖိုးဖိုး.. ဘယ်လိုဖြစ်ပြီး ယမမင်း ၁၀ ဦးထဲက တစ်ဦး ဖြစ်လာရတာလဲ..။”
ယူချီရှီးယွဲ့လည်း စိတ်၀င်တစားမေးလိုက်ပါတယ်။

“တာအိုဖခင်ကြီးက ပြန်လည်မွေးဖွားခြင်း စက်ဝုိင်းကို တည်ဆောက်တော့.. သူ့အနေနဲ့ ယမမင်း ၁၀ ပါးနဲ့ သေသူတို့၏ ပထမဆုံး တရားသူကြီး စသည်ဖြင့် ရာထူးတွေ တာ၀န်ချပေးဖို့ လိုအပ်လာတယ်လေ။ ဒီမှာပဲ ကမ္ဘာကြီးတွေက လူတွေ အဆိုတင်သွင်းကြကော။ တော်၀င်ရှကမ္ဘာကလည်း လူတွေကို အဆို တင်သွင်းတယ်လေ။ ဖိုးဖိုးက အင်ပါရီယာကလန်က ဖြစ်တဲ့အပြင် ကောင်းကင်အင်မော်တယ်လည်း ဖြစ်လာပြီဆိုတော့.. ယမဘုရင်အတွက် ဖိုးဖိုးကို နာမည်စာရင်းထဲ ထည့်ပြီး အဆိုတင်သွင်းဖြစ်သွားတာပါ။”
ယန်ဘုရင်က ရှင်းပြလိုက်ပါတယ်။

နင်နားလည်သွားပါပြီ။ သူက အင်ပါရီယာကလန်က ဖြစ်တဲ့ အပြင်ကို ကောင်းကင်အင်မော်တယ်လည်း ဖြစ်နေတယ်လေ။ ဒါကြောင့်မို့ သူဟာ ငရဲပြည်ရဲ့ ယမဘုရင် ၁၀ပါးထဲက တစ်ပါး ဖြစ်လာတာပါ။

တကယ်တော့လည်း ပြန်လည်မွေးဖွားခြင်း စက်ဝုိင်း အသေးလေးထဲက ဒီရာထူးဟာ ဒီလောက်ကြီးတော့ ကြီးကျယ်ခန်းနားခြင်း မရှိသေးပါဘူး။ ယခင် ငရဲပြည်တုန်းကတော့… မူလယမဘုရင် ၁၀ ပါးဟာ လောကသုံးပါး တခွင်က သက်ရှိအားလုံးကို ထိန်းချုပ်ရတာဖြစ်လို့ အရမ်းကို ကြီးကျယ်မြင့်မြတ်တဲ့ လူတွေပါ။

Book 21 - 30Tempat cerita menjadi hidup. Temukan sekarang