Book 22 Chp 2

47 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 22 
Chapter 2 (မိုးကောင်းကင်ရတနာ တောင်ကြီးမှ ထွက်ခွာခြင်း)

ဂျိနင်ထုတ်ပေးလိုက်တဲ့ သန့်စင်သောယန် မှော်ရတနာဖြစ်တဲ့ စိတ်ဝိညာဉ် ကီ ဓာတ်ကြီးငါးပါး ပုလဲအစုံလိုက်ဟာ ရတနာခန်းမကနေ ရွေးချယ်ယူလာခဲ့တာလေ။ ဒါတွေကတော့ နင်အခု လက်ရှိ ရွေးချယ်နိုင်တဲ့ အဖိုးအတန်ဆုံးသော သန့်စင်သောယန် မှေ်ာရတနာတွေပါ။ ရတနာခန်းမထဲမယ် တာအို တန်ခိုးရှင် အသက်သုံးချောင်း ချန်ရစ်ထားပေးခဲတဲ့့ သန့်စင်သောယန် မှော်ရတနာအားလုံးက အစွမ်းထက်လွန်းသလို အဖိုးလည်း တန်လွန်းလှပါတယ်။ တန်ဖိုးအနည်းဆုံးဆိုတဲ့ မှော်ရတနာတောင်မှ အဆင့်မြင့့် သန့်စင်သောယန် မှော်ရတနာတစ်ခုလောက်ကို အဖိုးတန်သေးလို့ပါ။

ဒါပေမဲ့လည်း… သန့်စင်သောယန် မှော်ရတနာတွေက အရမ်းကို အရေအတွက် နည်းပါးလွန်းပါတယ်။ တာအိုတန်ခိုးရှင် အသက်သုံးချောင်းကိုယ်တိုင်တောင် အများကြီး စုဆောင်းထားနိုင်ခဲ့ပုံ မရပါဘူး။ စစ်နတ်ဘုရားခန်းမ အဆင့်ကိုးကို ကျော်ဖြတ်ပြီးတဲ့အခါမှာတော့.. နင်ဟာ စုစုပေါင်း သန့်စင်သောယန် မှော်ရတနာ  ၁၈ ခုကနေ ရွေးချယ်ယူခွင့် ရခဲ့တယ်လေ။

ဒါနဲ့ သူလည်း အဖိုးအတန်ဆုံး အရာကိုရွေးချယ် ယူခဲ့လိုက်ပါတယ်။ စိတ်ဝိညာဉ်ကီ ဓာတ်ကြီးကိုးပါး ပုလဲ…။ ဒီ ပုလဲ ကိုးလုံးလုံးက အဆင့်မြင့် သန့်စင်သောယန် မှော်ရတနာတွေချည်းပဲလေ။ ပြီးတော့ ပုလဲလုံးတွေအားလုံးရဲ့ အမြူတေ အဖြစ် ပြုလုပ်ထားတဲ့ ပုလဲက ထိပ်တန်းအဆင့် သန့်စင်သောယန်မှော်ရတနာပါ။ ထပ်ပြောရရင်တော့… ဒါတွေက အရမ်းကို စျေးကြီးလွန်းတဲ့ ကမ္ဘာအမျိုးအစား မှော်ရတနာတွေဖြစ်နေသေးတယ်လေ။ ရန်သူကို ကမ္ဘာငယ်လေး တစ်ခုရဲ့ အင်အားနဲ့ ထုခြေပစ်လိုက်လို့ ရနေပါတယ်။ ပြီးတော့ ရန်သူကို ဖိအားပေးပြီးချည်နှောင်ဖမ်းချုပ်နိုင်သေးလို့ပါ။ ရန်သူဟာ သဲနွံထဲ နစ်မြုပ်သွားသလို ရုန်းကန်လို့ မရအောင် ဖြစ်သွားပါလိမ့်မယ်။ ဒါတွေက ကျွဲတစ်ထောင် ဓားကြီးအတွင်းမှာ ပါ၀င်နေတဲ့ မူလကမ္ဘာရဲ့ ညမြစ်ထက်တောင် ပိုပြီးအစွမ်းထက်လို့နေပါပြီ။ ဒီလို ကမ္ဘာအမျိုးအစား သန့်စင်သောယန် မှော်ရတနာတွေဟာ မူလကတည်းကအရမ်းကို ရှားပါးပြီး အင်မတန်မှကို တန်ဖိုးရှိနေပါတယ်။ ဒီ ရတနာ အစုံလိုက်ဟာ သာမန် ထိပ်တန်းအဆင့် သန့်စင်သောယန် မှော်ရတနာ လေး ငါးခုလောက် နဲ့ကို တန်ဖိုးညီလို့ နေပြီးသားပါ။

Book 21 - 30Where stories live. Discover now