Chp 571 ( အသက်သုံးချောင်းရဲ့ မှော်ရတနာ)

38 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 28
Chapter 571 (အသက်သုံးချောင်းရဲ့ မှော်ရတနာ)

ရွှီးဖူတိလည်း ဂျိနင်ကို ကြည့်ပြီူး တခဏလောက် အသံတိတ်နေခဲ့ပါတယ်။ ဖြည်ြး့ဖည်းချင်း သူစကားပြောလာခဲ့ပြီလေ။
“တပည်က အများကြီးကို စတေးရမှာနော်..။ အက်ကြောင်းမဲ့ဂိတ်ကို လက်မြောက်အရှုံူးပေးသွားစေဖို့ တပည့်ကြိုးစားမယ်။ ပြီးတော့မှ သူတို့တွေက တပည့်နဲ့ ငြိမ်းချမ်းရေး ယူလာမှာ…။ ဒီလောက်အထိ မာနကြီးမားတဲ့ အက်ကြောင်းမဲ့ဂိတ်က ငြိမ်းချမ်းရေးကို သဘောတူလာဖို့ဆိုတာ… ဒါက တကယ်တော့ အလွန်ကို ခက်ခဲလွန်းပါသေးတယ်။ တပည့်ရွေးချယ်လိုက်တဲ့ လမ်းကြောင်းက ဘာလမ်းကြောင်းလဲဆိုတာကို သေချာသဘောပေါက်ထားမှ ရမယ်နော်..။”

“တပည့်နားလည်ပါတယ်ခင်ဗျာ..။”
နင်လည်း တွေဝေမနေခဲ့ပါဘူး။

ဒါက အန္တရာယ်တွေ ပြည့်နှက်ရောပြွမ်းနေတဲ့ လမ်းပဲလေ။

တာအိုဖခင်ကြီးတွေက ကိုယ်တိုင် ၀င်ပြီး စွက်ဖက်ဖို့ မရှိပေမဲ့လည်း.. ဂျိနင်ကို ရင်ဆိုင်ဖို့အတွက် အက်ကြောင်းမဲ့ဂိတ်မှာ တခြားနည်းလမ်းတွေ ရှိနေနိုင်ပါသေးတယ်။ ပြောရရင် လူသားလှိုင်းလုံး ဗျူဟာပေါ့..။ သူတို့တွေက လောကတစ်ခုထဲက အရေအတွက်လောက် ရှိနေတဲ့ အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန်အင်မော်တယ်တွေကို နန်းတော်အမျိုးအစား မှော်၇တနာထဲ ပုန်းအောင်စောင့်စားစေပြီး နင်ရောက်လာမှာတိုက်ခိုက်တဲ့ နည်းဗျူဟာမျိုး..။ ဒါမှမဟုတ်ရင်လည်း လူတုံပင်အဆင့်ရှိနေတဲ့ အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေအများကြီးကို ဆင့်ခေါ်လိုက်ပြီးတော့ ဂျိနင်ကို ဝိုင်း၀န်းတိုက်ခိုက်ခိုင်းလိုက်တာ..။ လုံလောက်တဲ့ အရေအတွက်သာ ရှိနေမယ်ဆိုရင်.. ဒီအင်မော်တယ်တွေ ဖင်းဂေါ့တွေဟာ တာအိုဖခင်ကြီးတွေကိုတောင် ခြိမ်းခြောက်နိုင်စွမ်း ရှိကြတယ်လေ။ ဂျိနင်ဆိုတာ စာဖွဲ့စရာမဟုတ်တော့ပါဘူး။

နင်လည်း ကြိုးတန်းပေါ်မှာ လမ်းလျှောက်နေရသူပါ။ အရှေ့ကို ဆက်လျှောက်နိုင်မှသာ ပန်းတိုင်ကိုရောက်ပါလိမ့်မယ်။ ဘယ်ဘက်ကိုမဆို ခြေချော်ကျသွားတာနဲ့ သေမင်းက သူ့ကိုစောင့်ကြိုနေမှာလေ။

Book 21 - 30Where stories live. Discover now