Book 26 Chp 7

37 1 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 26 
Chapter 7 (ဆက်တိုက် အရေးနိမ့်လာခြင်း)

ဖင်းဂေါ့တပ်မဟာကြီးဟာ ပန်ဂုစစ်ပွဲ ၀င်္ကပါကို ပြင်ဆင်ပြီးတော့ ချက်ချင်းကို ထွက်ခွာလာခဲ့ပေမဲ့လည်း အချိန်အနည်းငယ်တော့ ကုန်ဆုံးသွားခဲ့တယ်လေ။ အချိန်တိုလေးအတွင်းမှာပဲ.. အက်ကြောင်းမဲ့ဂိတ်ရဲ့ အင်အားစုတွေဖြစ်တဲ့ အစစ်အမှန် အင်မော်တယ် ဝါးဖြူ၊ ဂိတ်တံခါးရှင် အဇူရာမြေခွေး နဲ့တခြားအင်ပါရီယာနတ်ဘုရားတွေ အစစ်အမှန်အင်မော်တယ်တွေ ၊ သွေးတိမ်တိုက်ဂိုလမ် ၁၆ ကောင်၊ အနက်ရောင် အင်ပါရီယာ နတ်ဘုရားဂိုလမ် ၆ ကောင်တို့အားလုံး စတင်လှုပ်ရှားလာခဲ့ကြပါပြီ။

“ဂရား..”

“သတ်”

အနက်ရောင် အင်ပါရီယာ နတ်ဘုရားဂိုလမ်ကြီး ၆ ကောင်လုံးဟာ ချက်ချင်းကိုပဲ သူတို့ရဲ့ တပ်ဖွဲ့ဖြစ်တဲ့ မျက်နှာဖြူရေနဂါးကြီး သုံးကောင်နဲ့ အင်ပါရီယာ နတ်ဘုရားဂိုလမ်ကြီး ရှစ်ကောင်ဆီ သွားပြီးတော့ ပူးပေါင်းလိုက်ကြပြီလေ။

“သွေးပင်လယ်ဟာ အဆုံးအစမဲ့”
ပ်ိန်ပိန်ပါးပါး သွေးတိမ်တိုက်ခန်းမရှင်ဟာ ချက်ချင်းကိုပဲ မှော်မန္တာန် အသုံးပြုလိုက်ပြီလေ။ သွေးလှိုင်းလုံးကြီးတွေဟာ သူ့ကို ၀န်းရံပြီးတော့ ထွက်ပေါ်လို့လာခဲ့ပါပြီ။ အဆုံးအစမဲ့တဲ့ သွေးပင်လယ်ဟာ လောကတစ်ခုလုံးလွှမ်းမိုးသွားခဲ့ပြီလေ။ မျက်နှာဖြူရေနဂါးကြီးတွေနဲ့ အက်ကြောင်းမဲ့ဂိတ်ရဲ့ အင်ပါရီယာ နတ်ဘုရားဂိုလမ်ကြီးတွေကတော့ ဘာမှ မဖြစ်ခဲ့ပဲ ပိုပြီးတော့တောင် မြန်ဆန်လာခဲ့ပြီလေ။ တော်၀င်ရှရဲ့ အင်ပါရီယာ နတ်ဘုရားဂိုလမ်ကြီး ငါးကောင်နဲ့ ကောင်းကင်ဘုံကို အပြစ်ပေးသူတွေအတွက်တော့ ဒီအဆုံးအစမဲ့လှိုင်းလုံးကြီးတွေဟာ အတားအဆီးတစ်ခုလို ဖြစ်သွားခဲ့ပါပြီ။

“ကလေးတို့…”
ဂိတ်တံခါးရှင် အဇူရာမြေခွေးဟာ ကောင်းကင်ထက်မှာ ရပ်လို့ရှိနေပါတယ်။ သူမရဲ့ အ၀တ်စလေးတွေဟာ တဖျတ်ဖျတ်လွင့်နေလို့ပါ။ အဝေးကို သူမ လက်ညှိုးနဲ့ညွှန်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ အလွန်ကို ကြီးမားတဲ့ အဇူရာ အမြီးကြီးတစ်ချောင်းဟာ သူမအနောက်မှာ ပေါ်ထွက်လာခဲ့ပြီလေ။ တစ်ချိန်တည်းမှာပဲ အဇူရာပိုးမျှင်ပေါင်းများစွာဟာ သူမရဲ့ အမြီးကနေ ဖြာထွက်လာခဲ့ပြီးတော့ တော်၀င်ရှရဲ့ အင်အားစုတွေအားလုံးကို ရစ်ပတ်နှောင်ဖွဲ့ လာခဲ့ပြီလေ။

Book 21 - 30Where stories live. Discover now