Book 24 Chp 10

45 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 24 
Chapter 10 (ဂျိနင် !! ဂျိနင် !!)

“ကျွန်မတို့ရဲ့ လိပ်နဂါးကြီးက သေချာပေါက် ခုခံနိုင်မှာပါ။”
ကောင်းကင်အင်မော်တယ် ခရမ်းရောင်မြက်လေးက အသည်းအသန်ပြောလိုက်ပါတယ်။
“ကျွန်မတို့လည်း လှုပ်ရှားတော့မယ်။ သတ်..။”

ကောင်းကင်အင်မော်တယ် ယူနီတီက ဓားသိုင်းကို ထုတ်လိုက်သလိုပဲ အက်ကြောင်းမဲ့ဂိတ်က ကောင်းကင်အင်မော်တယ် ၁၈ ဦးကလည်း သူတို့ရဲ့ မှော်ရတနာတွေကို ထုတ်သုံးလိုက်ကြပါပြီ။ ပါ့ရှာ လိပ်နဂါးနက်၀င်္ကပါနဲ့ သူတို့ရဲ့ ကီစွမ်းအင်တွေကို အတူတူပေါင်းစည်းထားတဲ့အတွက် သူတို့ပိုပြီး အစွမ်းထက်လာပြီလေ။ တစ်ဦးချင်းစီဟာ ကမ္မအကုသိုလ် အပြစ်သား မီးလျှံ လောင်ကျွမ်းခဲ့တဲ့ အချိန်က ဂျိနင်လောက်ကို အစွမ်းထက်လာခဲ့တာပါ။

မှော်မန္တန်တွေ မှော်ရတနာတွေ အမြောက်အများအသုံးပြုလိုက်တာကြောင့် ကောင်းကင်ထက်မှာ ဥက္ကာခဲတွေ အများကြီး ကြွေကျလာတဲ့အတိုင်း အရောင်ပေါင်းစုံလက်နေခဲ့ပြီလေ။ အားလုံးက ယူနီတီဆီကို ဦးတည်နေလို့ပါ။

“ဓာတ်ကြီးငါးပါးက အခြေခံ… ထိုက်ကျိဟာ လမ်းညွှန်ခြင်း.. ဒါဟာ ငါ့ရဲ့ မဟာ အင်မော်တယ် ဓားနယ်မြေ။”
ယူနီတီရဲ့ မျက်လုံးထဲက အလင်းရောင်တွေဟာ သိပ်သည်းလွန်းတဲ့အတွက် တည်ရှိမှုတစ်ခု ဖြစ်လာတဲ့အလားပါ။ သူ့ရဲ့ကျယ်လောင်တဲ့ အသံနဲ့အတူ ကောင်းကင်ထက်က မဟာအင်မော်တယ် ဓားကြီးဟာ ကျဆင်းလာခဲ့ပါပြီ။ အောက်ကို ကျဆင်းလာတဲ့အချိန်မှာပဲ… အလွန်ကြီးမားတဲ့ ထိုက်ကျိတိမ်တိုက်ကြီးတွေကို အပေါ်မှာ မြင်တွေ့လိုက်ရပါတယ်။ ဒါအပြင် အလင်းရောင်တန်း ငါးခုပါဖြစ်ပေါ်လာခဲ့ပြီးအားလုံးချိတ်ဆက်သွားခဲ့ပါပြီ။

ကီလိုမီတာ တစ်ရာလောက်ကြီးမားတဲ့ ဓားကြီးတစ်ချောင်း ဖြစ်ပေါ်လာခဲ့ပြီလေ။

မဟာအင်မော်တယ် ဓားကြီးဟာ အမြန်ဆုံးကျဆင်းလာနေပါတယ်။ ဓားရဲ့ အရွယ်အစားဟာလည်း ကီလိုမီတာ တစ်ရာကနေ တစ်ဆယ်အထိအရွယ်သေးငယ်လာခဲ့ပြီလေ။ ဓားကြီးဟာ အင်မော်တယ် ၁၈ ဦးရဲ့ မှော်ရတနာတွေ မန္တန်တွေနဲ့လည်း ရင်ဆိုင်ခဲ့ပါသေးတယ်။

Book 21 - 30Where stories live. Discover now