Book 25 Chp 17

45 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 25 
Chapter 17 (ခွဲခြားသူများ)

အဇူရာနဂါးကြီး ၈ ကောင်ဟာ တိမ်တိုက်ထက်က ရွှေရောင်မြို့တော်ကြီးကို ၀န်းရံပျံသန်းလို့ပါ။ မြို့တော်၀န်းကျင်က တည်ရှိမှု စကြ၀ဠာဟာ တွန့်လိမ်ကောက်ကွေးလာခဲ့ပြီးတော့ စကြ၀ဠာ အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့ပါပြီ။ မြို့တော်ကြီးဟာလည်း အက်ကွဲကြောင်းထဲ ၀င်ရောက်ပျောက်ကွယ်သွားခဲ့ပြီလေ။

မြို့တော်ထဲမှာတော့…

သန်းနဲ့ချီတဲ့ အင်မော်တယ်တွေ ရှိလို့နေခဲ့ပါတယ်။ ကောင်းကင်ထက်မှာတော့ တိမ်ပင်လယ်တွေသာပြည့်လို့ နေပြီး လောကအပြင်ဘက်ကို ဘာမှ မမြင်တွေ့ရပါဘူး။ သူတို့တွေ သီးခြားစကြ၀ဠာ တစ်ခုထဲ ရောက်နေတာတော့ သေချာပါတယ်။

“အားလုံးပဲ ကိုယ့်ရဲ့ စစ်စခန်းတွေဆီကို အရင်ပြန်နှင့်ကြတော့။ ဘယ်သူကမှ ခွင့်ပြုချက် မရပဲနဲ့ လှုပ်ရှားခွင့် မရှိဘူး။ အမိန့်ဖီဆန်သူ သေဒဏ်ကျခံရမယ်။”
အနက်ရောင်ရှအင်ပါရီယာပြည့်ရှင်ရဲ့အသံဟာ နဂါးရှစ်ကောင်မြို့တော်ထဲ ပဲ့တင်သံထပ် ထွက်ပေါ်လာခဲ့ပါပြီ။

“အမိန့်အတိုင်းပါ အရှင်မင်းမြတ်..”
အင်မော်တယ် တစ်သန်းကျော်ဟာ သံပြိုင်ဖြေဆိုလိုက်ကြတယ်လေ။

ချက်ချင်းဆိုသလိုပဲ ရှအင်ပါရီယာပြည့်ရှင်ရဲ့ တပ်မဟာနဲ့ စစ်သူကြီးကိုးဦးရဲ့ တပ်မဟာကိုးခုဟာ သက်ဆိုင်ရာ စစ်စခန်းတွေဆီ စီတန်း၀င်ရောက်သွားခဲ့ပါပြီ။ ဘယ်သူကမှ ခွင့်ပြုချက်မရှိပဲ မထွက်ခွာရဲတော့ပါဘူး။ အခုက စစ်ပွဲအချိန်ဆိုတာကို အားလုံးပဲ နားလည်ကြတယ်လေ။ စစ်စည်းကမ်းဟာ ဒီအချိန်မှာ အလွန်ကို တင်းကျပ်နေပါပြီ။ အင်မော်တယ်တွေအနေနဲ့ စိတ်ထင်တဲ့အတိုင်း လျှောက်သွားခွင့်ရနေမယ်ဆိုရင်.. တပ်မဟာတွေဟာ လိုအပ်တဲ့အချိန် အလွယ်တကူ စစ်ချီတက်နိုင်တော့မှာ မဟုတ်ပါဘူး။

“တော်တော်ကျယ်တာပဲ…”
ဒက်နော့ စစ်စခန်းထဲကို ရောက်သွားတဲ့အခါမှာတော့.. အင်မော်တယ် တစ်သိန်းဟာ သီးသန့်အဆောင်တွေပြည့်လို့နေတဲ့ နယ်မြေတစ်ခုကို တွေ့လိုက်ရပြီလေ။ သူတို့အားလုံးအတွက် ချောင်ချောင်ချိချိနေထိုင်ဖို့ထက်တောင် အခန်းတွေ ပိုနေပါသေးတယ်။

Book 21 - 30Wo Geschichten leben. Entdecke jetzt