Chp 570 ( ကျွန်တော့ကိုကူညီပေးပါဦးဆရာ)

39 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 28
Chapter 570 (ကျွန်တော့်ကို ကူညီပေးပါဦး ဆရာ..)

“လာ..လာ..”
၀က်ဝံ၀ါကြီးလည်း ချက်ချင်းကို လှည့်ထွက်သွားခြဲ့ပီးတော့ တည်နေရာရွှေ့ပြောင်းပို့ဆောင်ခြင်းနဲ့ သူတို့ကို နန်းတော်တစ်နေရာဆီခေါ်ဆောင်သွားခဲ့ပါပြီ။

ကြယ်တာရာဖမ်းနန်းတော်ထဲ၀ယ်..

ဂျိနင်၊ ၀က်ဝံ၀ါကြီး၊ နှင်းနီ၊ ကမ္ဘာဦးအလင်း ၊ နှင်းကင်းမြီးကောက်နဲ့ တခြားသူတွေအားလုံးဟာ ပင်မခန်းမထဲပေါ်လို့လာခဲ့ကြပြီလေ။

“မင်းတို့အားလုံး ဒီမှာပဲ စောင့်နေကြချေ..။”
၀က်ဝံ၀ါကြီးလည်းနှင်းနီတို့အားလုံးကို ကြည့်ပြီးတော့ ပြောလိုက်ပါတယ်။
“လျှို့ဝှက်ရတနာခန်းက နန်းတော်ရှင်တစ်ဦးပဲ ၀င်လို့ရတာလေ။”

“အေးပါ..။”
နှင်းနီလည်းခေါင်းညိတ်လိုက်ပါတယ်။

“ငါတို့က မင်းလို မဟုတ်ဘူးကွ.. ၀က်ဝံကြီးရဲ့…။ ငါတို့အားလုံးက အေးအေးဆေးဆေးပဲ.. မင်းသာ ဘယ်လောက်အထိ စိတ်လှုပ်ရှားနေတာလဲ ကြည့်ဦး..။”
ကမ္ဘာဦးအလင်းလည်း ခေါင်းကို ခါယမ်းလိုက်ပြီးတော့ စနောက်လိုက်လို့ပါ။

၀က်ဝံ၀ါကြီးလည်းသူ့ကို စိုက်ကြည့်လိုက်ပြီးတော့
“မင်းနဲ့ငါက တူမလားကွ..။ ငါက ဒီနေရာကိုစောင့်ရှောက်ပေးလာခဲ့တာ နှစ်ပေါင်းမရေမတွက်နိုင်အောင်ကိုကြာခဲ့ပြီလေ။ အစောပိုင်းက သိပ်ပြီးအခြေအနေ မဆိုးလှသေးဘူး။ ဒါပေမဲ့ ဂျိနင်က အင်ပါရီယာ နတ်ဘုရားဖြစ်ပြီး နန်းတော်ရှင်ဖြစ်သွားပြီဆိုတာကို သိလိုက်ရတော့.. ငါလည်း ဘယ်လိုမှ ဆက်ပြီး မအောင့်အည်းထားနိုင်တော့ဘူး ဖြစ်သွာတာပေါ့ကွ..။”

“တော်တော့ ၀က်ဝံကြီး… သွားရအောင်လေ။”
နင်လည်း ပြောလိုက်ပါတယ်။

“ငါနဲ့အတူ လိုက်ခဲ့ချေ..။”
၀က်ဝံ၀ါကြီးလည်း ဦးဆောင်လို့သွားခဲ့ပါပြီ။ နင်လည်း အနောက်ကနေ လိုက်ပါသွားခဲ့ပြီလေ။

၀က်ဝံ၀ါကြီးနဲ့ လူတစ်ဦးတို့ဟာ ရေအောက်နန်းတော်ရဲ့ လျှောက်လမ်းတစ်ခုအတိုင်းလျှောက်လို့ လာနေခဲ့ကြပါပြီ။ ပြောရရင်တော့ နန်းတော်ဟာ တော်တော်လေးကို ကျယ်ပြောလွန်းပါတယ်။ အမှန်အတိုင်းဆိုရင်လည်း ဒီမှာ တာအိုတန်ခိုးရှင်အသက်သုံးချောင်းနဲ့ မရေမတွက်နိုင်တဲ့ သူ့ရဲ့ ဖင်းဂေါ့တပည့်တွေ နေထိုင်ခဲ့ကြတာလေ။

Book 21 - 30Where stories live. Discover now