Book 21 Chp 3

59 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 21 
Chapter 3 (အပြင်ထွက်ဖို့ ပြင်ဆင်ခြင်း)

“သေချာရွေးနော်..။”
၀က်ဝံ၀ါကြီးက ပြုံးလိုက်ပြီး
“သန့်စင်သောယန် မှော်ရတနာကို ဒီလိုမျိုး အံ့မခန်းရတနာတွေကို မြင်ဖို့ တတိယအကြိမ်အထိကိုစောင့်ရမှလေ။”

နင်လည်း ခေါင်းည်ိတ်လိုက်ပါတယ်။ သူနားလည်ထားပြီးသားပါ။ ပထမဦးဆုံး အင်မော်တယ်မှော်ရတနာကို ရွေးချယ်တဲ့အချိန်မှာ အရည်အသွေးမြင့် အင်မော်တယ် မှော်ရတနာဖြစ်တဲ့ သုံးမွှာအင်မော်တယ်သော့ စက်ဝုိင်းကိုပဲ ရွေးချယ်ခဲ့တယ်လေ။ ဒုတိယအကြိမ်မှာတော့ မိုးကောင်းကင်ထွန်ခြစ်ဓားကြီး ၉ ချောင်းပါ၀င်တဲ့ အစုံလိုက်ကို ရွေးယူခဲ့တယ်။ တတိယအကြိမ်.. ဒီတစ်ကြိမ်ကတော့ လုံး၀ကို ကွဲပြားသွားခဲ့ပါပြီ။

ပထမဦးဆုံး နှစ်ကြိမ်မှာ သန့်စင်သောယန် မှော်ရတနာကို ရွေးဖို့ဆိုရင် စစ်နတ်ဘုရား ခန်းမအဆင့် ၉ နဲ့ အဆင့် ၁၀ကို ဖြတ်ကျော်ရမှာပါ။ ဒီအဆင့်တွေမှာ ရွေးချယ်လို့ရတဲ့ ရတနာတွေက အကန့်အသတ်ရှိနေသေးတယ်လေ။ အင်ပါရီယာ နတ်ဘုရားဖြစ်လာတဲ့ အချိန်မှာ သန့်စင်သောယန် မှော်ရတနာကို ရွေးချယ်ဖို့ တတိယအကြိမ် အခွင့်အရေး ရပါလိမ့်မယ်။ ဒီတော့မှ ရေအောက်နန်းတော်ထဲမှာ ရှိနေတဲ့ အစွမ်းအထက်ဆုံးသော မှော်ရတနာတွေ အားလုံးထဲကနေ ရွေးချယ်နိုင်မှာပါ။

ဒါပေမဲ့လည်း… အင်ပါရီယာ နတ်ဘုရားဖြစ်လို့ လိုအပ်ချက်က..

အင်ပါရီယာနတ်ဘုရားတွေဟာ သန့်စင်သောယန် အင်မော်တယ်တွေနဲ့ အဆင့်ချင်း အတူတူပဲလေ။ အင်ပါရီယာ နတ်ဘုရားဖြစ်လာဖို့ န၀မမြောက် မိုးကြိုးစမ်းသပ်စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်နေပါသေးတယ်။ ပြီးတော့..  နင်ရဲ့ ကျောထောက်နောက်ခံက အရမ်းကို အစွမ်းထက်နေတာဆိုတော့.. တာအိုတန်ခိုးရှင် အသက်သုံးချောင်းနဲ့ ရွှီးဖူတိ နှစ်ဦးလုံးရဲ့ အမွေဆက်ခံသူ ဖြစ်နေတာဆိုတော့.. သူ့ရဲ့  အင်ပါရီယာ နတ်ဘုရားစမ်းသပ်စစ်ဆေးမှု့ဟာ ဖင်းဂေ့ါအများစု ရင်ဆိုင်ရတာထက်ကို ပိုပြီးခက်ခဲမှာ အသေအချာပါ။ ဒါကြောင့် နင်လည်း ယုံကြည်မှု မလွန်ကဲခဲ့တာလေ။

Book 21 - 30Where stories live. Discover now