ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 22
Chapter 20 (တတိယမြောက် ကမ္မအကုသိုလ် အပြစ်သားမီးလျှံ ကပ်ဘေး)သီးခြားစကြ၀ဠာနယ်မြေ ပေါက်ကွဲလို့ သွားခဲ့ပြီလေ။ တည်ရှိမှုအားလုံးဟာ တစစီဖြစ်သွားခဲ့ပါပြီ။ သီးခြားစကြ၀ဠာနယ်မြေထဲ ရှိနေတဲ့ အစွမ်းထက်တဲ့ တန်ခိုးရှင်တွေလည်း ဒေါသတကြီး မာန်သွင်းအော်ဟစ်လိုက်ကြပြီလေ။ သူတို့တွေ အပြင်ကို ကြိုးစားပြီး ထွက်ကြည့်ကြပါပြီ။
“ဘာတွေဖြစ်သွားတာလဲ…”
“အပေါ်က မိုးကောင်းကင်..”
“အား…”
မရေမတွက်နိုင်တဲ့ သာမန်လူသားတွေအားလုံး နားမလည်နိုင်စွာနဲ့ ငေးကြည့်နေမိကြပါတယ်။ ကမ္ဘာလောကကြီး အစိတ်စိတ်အမွှာမွှာဖြစ်သွားတာကို သူတို့ မျက်မြင် တွေ့ကြုံနေရတယ်လေ။ သူတို့တွေမှာလည်း ခုခံနိုင်စွမ်းမရှိကြပါဘူး။ သူတို့တွေ ခြောက်ခြားတုန်လှုပ်စွာ အော်ဟစ်ကုန်ကြပါပြီ။
“အမေ.. မေမေလေး…။ မဖြစ်နိုင်ဘူး…. မဖြစ်နိုင်ဘူး..”
လူငယ်လေးလည်း လုံး၀ကို တုန်လှုပ်ကြောင်အနေပါပြီ။ သူ့ရဲ့ ဘ၀မှ အရေးအကြီးဆုံး လူသားတွေဖြစ်တဲ့ သူ့မိခင်နဲ့ မေမေလေးတို့ အစစ်အမှန်တည်ရှိမှု တံတိုင်းကြီးပျက်စီးတဲ့အခါမှာ တစစီဖြစ်သွားကြတာကို သူမယုံကြည်နိုင်စွာ ကြည့်နေမိတယ်လေ။သူ့ဘ၀ရဲ့ အရေးအကြီးဆုံးသော လူသားတွေ…
“အမေ…”
“မေမေလေး..”
နာကျင်လွန်းတဲ့ ခံစားချက်…။ အမုန်းတရားတွေ မျှော်လင့်ချက်မဲ့ခြင်းတွေ သူ့ရင်ထဲ ပြည့်နေခဲ့ပါပြီ။ သိပ်မကြာခင်မှာပဲ သူ့ရဲ့ အသိစိတ်လည်း မှောင်မိုက်သွားခဲ့ပြီလေ။
လူငယ်လေးရဲ့ စိတ်ဝိညာဉ်ကို စီးနင်းထားတဲ့ နင်လည်း လူငယ်လေးအတိုင်းပဲ ခံစားလိုက်ရပါတယ်။ လူငယ်လေးအဖြစ် ဆယ်နှစ်မက ရှိခဲ့တဲ့အတွက် အမျိုးသမီး နှစ်ဦးလုံးနဲ့ပါ ပတ်သက်ပြီး နင်ခံစားချက်တွေ ရှိနေခဲ့ပြီလေ။ သူမိခင်အဖြစ်ကို သူမြင်နေခဲ့တာပါ..။ သူတို့တွေ သေဆုံးသွားတော့.. နင်ရဲ့ ရင်ထဲ အဆုံးအစမဲ့တဲ့ ဒေါသတရားတွေ၊ နောင်တတွေ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းတွေ ပြည့်သွားခဲ့ပြီလေ။ ဖြစ်ပျက်သမျှ အားလုံးအတွက် ကိုယ့်ကိုယ်ကိုယ် သူအပြစ်တင်နေမိပါတယ်။
![](https://img.wattpad.com/cover/221419292-288-k811127.jpg)