Book 25 Chp 14

42 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 25 
Chapter 14 (စစ်သူကြီး ဖြစ်လာခြင်း)

လွတ်မြောက်အင်မော်တယ်တိုင်းက အားနည်းပါတယ်။ ဒါပေမဲ့့လည်း အရေအတွက် တစ်သိန်းက စုပ်ယူနိုင်တဲ့ သဘာ၀ စွမ်းအင်ကိုတော့… အခုတော့ နောက်ဆုံးမှာ နင်လည်း ခံစားမိလာခဲ့ပါပြီ။ ကောင်းကင်အင်မော်တယ် တစ်ထောင်က သဘာ၀ စွမ်းအင်ကို ထိန်းချုပ်ညွှန်ကြားပေးနေတာကြောင့် ..  စွမ်းအင်စီးဆင်းမှုဟာ တည်ငြိမ်မှုတော့ ရှိနေပါတယ်။ ဒါပေမဲ့ နင်အတွက်တော့ အပြည့်အ၀ ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေဆဲပါ..။

“ကောင်းကင်ဘုံကို အပြစ်ပေးသူ ၀င်္ကပါကို ထိန်းချုပ်ဖို့က ဓားပျံကြီးတစ်ထောင် ၀င်္ကပါကို ထိန်းချုပ်ရတဲ့ အတိုင်းပဲ..။”
နင်လည်း သက်ပြင်းချလိုက်မိပါတယ်။

ဓားပျံကြီးတစ်ထောင် ၀င်္ကပါဓားသိုင်းမှာ အင်မော်တယ် ဓားတွေ ပိုများများလာလေလေ ထိန်းချုပ်ရ ပိုပိုပြီးခက်ခဲလာလေလေလေ။

အထူးသဖြင့် ထိပ်တန်းအဆင့် သန့်စင်သောယ အင်မော်တယ် ဓားပျံ ကိုးခုကို နင်အသုံးပြုလာတဲ့အခါမှာပေါ့.. အာနန္ဒာ ကမ္ဘာ့ဓားတွေဟာ ဓားပျံကြီးတစ်ထောင် ၀င်္ကပါဓားသိုင်းရဲ့ နှလုံးသား ဖြစ်နေခဲ့ပြီလေ။ သူ့နှလုံးသားအင်အားဟာ မှော်ရတနာတွေ အသုံးပြုတာမှာ အရမ်းကို အစွမ်းထက်စေခဲ့ပေမဲ့လည်း.. နင်အနေနဲ့ ဓားပျံကြီးတစ်ထောင် ၀င်္ကပါဓားသိုင်း ပထမအဆင့်ကိုသာ အသုံးပြုနိုင်ပါသေးတယ်။

အာနန္ဒာ ကမ္ဘာ့ဓားကြီး ကိုးချာင်းဟာ အလွန့်အလွန်ကို အစွမ်းထက်နေခဲ့တာကြောင့်လည်း ပါပါတယ်။ ပြောရရင် သန့်စင်သောယန် အင်မော်တယ်တွေအနနဲ့ ဒီလောက်အစွမ်းထက်လှတဲ့ သန့်စင်သောယန် မှော်ရတနာ အစုံလိုက်ကို ရရှိလာဖို့ဆိုတာ တော်တော်လေးကို ခက်ခဲတဲ့ ကိစ္စပါ။ ဒါကြောင့် သူတို့ကို ထိန်းချုပ်ဖို့ ဘယ်လောက်တောင် ခက်ခဲလိုက်မလည်းဆိုတာ တွေးကြည့်နိုင်ပါတယ်။ နင်အနေနဲ့ ကောင်းကင်အင်မော်တယ် အဆင့်မှာကတည်းက ထိန်းချုပ်လို့ ရနေရတဲ့ အကြောင်းအရင်းကလည်း နှလုံးသားအင်အား တတိယအဆင့်ဖြစ်တဲ့ အုပ်ချုပ့်သူ အဆင့်ကို ရောက်နေခဲ့လို့ပါ။

Book 21 - 30Where stories live. Discover now