Book 24 Chp 12

45 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 24 
Chapter 12 (အစစ်အမှန် အင်မော်တယ်ကို ပစ်ချခြင်း)

တော်၀င်ရှ အင်ပါရီယာ နန်းမြို့တော်ထဲ၀ယ်… မိုးကောင်းကင်အလင်းရောင်နန်းတော်ရဲ့ နန်းတော်ခန်းမဆောင်ဟာ အနီရောင်အလင်းတွေ တောက်ပလျက်ပါ။

အနက်ရောင် ရှအင်ပါရီယာ ပြည့်ရှင်က သူ့ရဲ့ ရာဇပလ္လင်ထက် ထိုင်လို့နေပါတယ်။ သူ့ရဲ့ အရှေ့မှာတော့ တောက်ပနေတဲ့ ရွှေရောင်၀တ်စုံကို ၀တ်ဆင်ထားတဲ့ စစ်သူကြီးသုံးဦး ရှိနေလို့ပါ။ သူတို့ရဲ့ အော်ရာ အရှိန်အဝါတွေဟာ အလွန်ကို အစွမ်းထက်ပါတယ်။ ရှအင်ပါ၇ီယာပြည့်ရှင်ထက် အားနည်းစရာအကြောင်းကို မရှိတဲ့ အရှိန်အဝါတွေပါ။ သူတို့တွေက အင်ပါရီယာနတ်ဘုရားတွေနဲ့ အစစ်အမှန် အင်မော်တယ်တွေ ဖြစ်တာတော့ သေချာပါတယ်။ သူတို့သုံးဦးလည်း ထိုင်ခုံကိုယ်စီနဲ့ ထိုင်လို့နေကြပြီး သတ်ဖြတ်မှု အော်ရာအရှိန်အဝါတွေ ဖြာထွက်နေလို့ပါ။ ကမ္ဘာဦး အင်ပါရီယာကလန်ကြီးအတွေက်.. အင်ပါရီယာ နတ်ဘုရားတွေ အစစ်အမှန် အင်မော်တယ်တွေကို သာမန်စစ်သည်တော်တွေအလား အသုံးပြုဖို့ဆိုတာ လွယ်လွယ်လေးပဲလေ။

၀ှစ်

ပုံရိပ်များစွာဟာ လေထဲ ပေါ်လို့ လာခဲ့ပါပြီ။ ဒေသပေါင်းများစွာမှာဖြစ်ပျက်နေတဲ့ တိုက်ပွဲမြင်ကွင်းတွေပါ။ ရှအင်ပါ၇ီယာပြည့်၇ှင်က တော်၀င်ရှ ကမ္ဘာတစ်ခုလုံးကို ကောင်းကောင်းထိန်းချုပ်ထားနိုင်တယ်လေ။ ဒါကြောင့် ကောင်းကင်အင်မေ်ာတယ်အဆင့် စွမ်းအင်လှိုင်းတွေ ဖြာထွက်လာတာနဲ့ သူချက်ချင်းကို သိရှိနိုင်ခဲ့တာပါ။

“သခင်လေးရှမင်… ဒီအက်ကြောင်းမဲ့ဂိတ်က ကျွန်တော်တို့ ကမ္ဘာဦးအင်ပါရီယာ ကလန်ကြီးကို တော်တော်လေး အလေးထားတာပဲ။ အားစမ်းတိုက်ခိုက်မှုအတွက်ကို တပ်စုပေါင်း ၂၀၀၀ တောင် စေလွှတ်လိုက်တယ်။ တိုက်ပွဲဖြစ်တဲ့ နေရာတွေက အများကြီးပဲ။ ကျွန်တေ်ာတို့တွေ ဘယ်လိုမှ အကုန်လုံး မမြင်နိုင်ဘူး။”
သုံးဦးထဲက တစ်ဦးဖြစ်တဲ့ မီးလျှံနီ မုတ်ဆိတ်နဲ့ အဖိုးအိုက အားရပါးရ ရယ်မောပြောဆိုလိုက်ပါတယ်။ မီတောက်မီးလျှံတွေဟာ သူ့မျက်လုံးက ဖြာထွက်နေလို့ပါ။

Book 21 - 30Where stories live. Discover now