Chp 598 ( ဖူရှီနဲ့တွေ့ဆုံခြင်း)

41 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 29
Chapter 598 (ဖူရှီနှင့်တွေ့ဆုံခြင်း)

စကြ၀ဠာ ဝဲကတော့ထဲကနေ သူတို့ ပြန်ပြီးထွက်လာခဲ့ကြပါပြီ။ သူတို့အရှေ့မှာတော့.. အဆုံးအစမဲ့ စီးဆင်းနေတဲ့ ကမ္ဘာဦး ပျက်စီးခြင်း စကြ၀ဠာပါ။ အစောပိုင်းက နင်လည်း ကမ္ဘာဦး ပျက်စီးခြင်း စကြ၀ဠာဆီ ခရီးနှင်ခဲ့သေးတယ်လေ။ ဒါပေမဲ့ သူသွားခဲ့တဲ့ နယ်မြေကတော့ လောကသုံးပါးနဲ့ အလွန်ကို နီးကပ်တဲ့ နယ်မြေတွေပါ။

“ဖူရှီက အခု ကမ္ဘာဦးပျက်စီးခြင်းစကြ၀ဠာထဲမှာ ရှိနေတယ်လေ။ ၀င်္ကပါတွေကို သူတည်ဆောက်နေတာပေါ့…”
ရွှီးဖူတိက ပြောပြလိုက်ပါတယ်။
“လူသားဧကရာဇ် သုံးဦးမှာ ရှန်းနွန်နဲ့ ဖူရှီတို့က ကမ္ဘာဦး ပျက်စီးခြင်း စကြ၀ဠာထဲမှာပဲ အချိန်ဖြုန်းနေကြတာများတယ်လေ။ ဆူရီယန်ကတော့ တယ်ရန်မီးလျှံ ကမ္ဘာမှာပဲ နေထိုင်တယ်။”

ပြောပြောဆိုဆိုနဲ့ အမြန်ဆုံးပျံသန်းရင်း နင်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။

အချိန် စကြ၀ဠာဟာ သူတို့ ၀န်းကျင်မှာ ထာ၀ရ ပြောင်းလဲနေပြီး ရွေ့လျားမှု အလွန်ကို မြန်ဆန်နေခဲ့တယ်လေ။

“ဒါက…”
သူတို့ သွားနေတဲ့ အမြန်နှုန်းကြောင့် သူတို့၀န်းကျင်က ကမ္ဘာဦးပျက်စီးခြင်း စကြ၀ဠာဟာ ကြည့်ရတာ ေ၀၀ါးနေခဲ့ပါတယ်။ ဒါပေမဲ့လည်း အဝေးမှာ အလွန်ကို ကြီးမာလှတဲ့ မီးတောက်မီးလျှံတွေကို နင်တွေ့မြင်ခဲ့ရပြီလေ။

“ကဲ ငါတို့ ဒီမှာ ရောက်ပြီ…”
ရွှီးဖူတိရဲ့ အသံကို ကြားလိုက်ရသလိုပဲ သူတို့တွေ အမြန်နှုန်း ကျဆင်းသွားခဲ့ပါပြီ။

နင်လည်း သူ့ရဲ့ ဆရာနဲ့အတူ မီးလျှံထုကြီးထဲ ၀င်ရောက်သွားခဲ့ပြီလေ။ မီးလျှံတွေဟာ အလျှံငြီးငြီး တောက်လောင်နေကျလို့ပါ။ မီးလျှံ ပင်လယ်ပြင် ဘယ်မှာ အဆုံးသတ်မလဲဆိုတာကိုတော့ မြင်တွေ့ဖို့ ခက်ခဲခဲ့ပါတယ်။

“ရေတွေ…”
နင်တအံ့တသြ ဖြစ်သွားခဲ့ရတဲ့ အချက်ကတော့ မှောင်မိုက်တဲ့ ရေးတေးတေး လှိုင်းလုံးကြီးတွေဟာ မီးလျှံပင်လယ်အထက် ရှိနေခဲ့တာကို မြင်တွေ့လိုက်ရတာကြောင့်ပါ။ သူသေချာ စူးစိုက်ကြည့်လိုက်တော့မှပဲ.. အဆုံးအစမဲ့ ရေလှိုင်းနက်ကြီးတွေ ဖြစ်နေခဲ့တယ်လေ။

Book 21 - 30Wo Geschichten leben. Entdecke jetzt