Book 27 Chp 8

44 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 27
Chapter 8 (မိစ္ဆာခပ်သိမ်းကမ္ဘာ)

“သိပ်ပြီး ပိုမပြောနဲ့ဟ…။ ဒီဆံပင်နီကောင်လေးက စကြ၀ဠာ အချိန်စီးဆင်းမှုကို ထိတွေ့မိရုံပဲ ရှိသေးတယ်။ သူ့ကို အခြေခံအဆင့်ရောက်တယ်ဆိုရုံပဲ ပြောလို့ရဦးမှာ..။”
ရွှီးဖူတိလည်း သက်ပြင်းချလိုက်ပြီးတော့
“ဒါပေမဲ့လည်း…မဟာကပ်ဘေးကြီး ကျရောက်လာခဲ့သလို… ငါ့ရဲ့ မဟာပညာအတွက် သင့်တော်တဲ့ ဆက်ခံသူလည်း ရှာတွေ့ပြီပေါ့..။ မိုးကောင်းကင်က ငါ့ကို သနားသွားပုံရတယ်ဟ..။”

အရူးကြီးကျိလည်းခေါင်းညိတ်လိုက်ပါတယ်။

ရွှီးဖူတိရဲ့ တပည့်တွေအားလုံးဟာ ဒုတိယ အစ်ကိုကြီး အရူးကြီးကျိက သူတို့ဆရာရဲ့ ပညာရပ်အားလုံးကို ဆက်ခံထားတဲ့ တကယ့်အမွေဆက်ခံသူအဖြစ် ယုံကြည်ထားခဲ့ကြတယ်လေ။ဒါကလည်း မှားတယ်လို့တော့ မဆိုနိုင်ပါဘူး။ ပြောရရင် အရူးကြီးကျိက ရွှီးဖူတိရဲ့ တာအိုလမ်းစဉ်ကော ဗုဒ္ဓလမ်းစဉ်အားလုံးကို သင်ယူနားလည်ထားခဲ့တဲ့အပြင်ကို လောကသုံးပါး အိပ်မက်ပညာရပ်ကိုလည်း အောင်မြင်ထားတယ်လေ။ အရူးကြီးကျိဟာ တာအိုဖခင်ကြီးအဆင့်ကို ရောက်နေခဲ့တာ ကြာမြင့်လွန်းခဲ့ပြီဖြစ်သလို ဗုဒ္ဓသံဃာတော်တွေထဲမှာလည်း အလွန်ကို သြဇာတိက္ကမ ကြီးမားလှသူပါ။

ဒါပေမဲ့ သူ့ဆရာရွှီးဖူတိရဲ့ မဟာပညာရပ်ဟာ အချိန်စကြ၀ဠာ ပညာရပ်ဆိုတာကိုတော့ အရူးကြီးကျိ သေချာကို သိလို့ထားတယ်လေ။

ရွှီးဖူတိအနေနဲ့ ဒီလောက်အထိ လျှို့ဝှက်ဆန်းကြယ်စွာ နေထိုင်နိုင်ရတာကလည်း သူ့ရဲ့ အချိန်စကြ၀ဠာ ပညာရပ်ကြောင့်ပါ။ တာအိုဖခင်ကြီးတွေတောင်မှ သူ့ရဲ့ လခြမ်းကွေး ကမ္ဘာကို ရှာမတွေ့နိုင်ဘူးဆိုတာကလည်း သူ့ရဲ့ အချိန်စကြ၀ဠာကို ထိန်းချုပ်နိုင်စွမ်းအလွန်မြင့်မားနေခဲ့တာကြောင့်ပဲလေ။

“ဆရာလည်း နောက်ဆုံးတော့ သူ့ရဲ့ မဟာပညာရပ်အတွက် အမွေဆက်ခံသူ ရှာတွေ့ခဲ့ပြီပဲလေ။ ကြည့်ရတာ မိုးကောင်းကင်က ကျွန်တော်တို့ဘက်မှာ ရှိနေပါတယ်။”
အရူးကြီးကျိကပြောလိုက်ပါတယ်။

“မိုးကောင်းကင်လား..။”

ရွှီးဖူတိလည်း ကောင်းကင်ထက်ကိုမော့ကြည့်လိုက်ပြီး
“အက်ကြောင်းမဲ့ဂိတ်ရဲ့ ဘုရင်ကြီးက မိုးကောင်းကင်တာအိုနဲ့ နောက်ဆုံးအချိန်မှာ ပေါင်းစည်းသွားခဲ့တယ်လေ။ ငါ့ရဲ့ လခြမ်းကွေးကမ္ဘာဟာလည်း မိုးကောင်းကင်တာအိုရဲ့ အုပ်ချုပ်မှုအောက် ရှိနေတဲ့ ကမ္ဘာတစ်ခုပဲ..။ တခြားတာအိုဖခင်ကြီးတွေက ရှာမတွေ့နိုင်တာဟုတ်တယ်။ ဒါပေမဲ့ အက်ကြောင်းမဲ့ဂိတ်ရဲ့ ဘုရင်ကြီး… သူ့အနေနဲ့တော့ မိုးကောင်းကင်တာအိုနဲ့ မပေါင်းစည်းလိုက်ခင်မှာ ငါ့ရဲ့ ကမ္ဘာကို ရှာတွေ့ချင်မှ ရှာတွေ့မှာ။ ဒါပေမဲ့အခုတော့ မိုးကောင်းကင်တာအိုကိုအသုံးပြုပြီး သူရှာဖွေနိုင်ပြီ။ အဓိပ္ပာယ်ကတော့ ဒီကမ္ဘာက သက်ရှိဟူသမျှလည်း ဒီမုန်တိုင်းကနေ ပြေးလွတ်စရာအကြောင်းမရှိတော့ဘူးဆိုတာပဲ..။”

Book 21 - 30Where stories live. Discover now