ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 23
Chapter 20 (အင်ပါရီယာ နတ်ဘုရားကြီးခုနစ်ဦးနှင့် တွေ့ဆုံခြင်း)စတေးဝါးတားပြည်နယ်..ချိုင့်ဝှမ်းဒေသ… တောင်ပံမြွေနဂါးရေအိုင်အထက်
ကောင်းကင်ထက်မှာတော့ ရွှေကျီးကန်းဟာ လောကတခွင် အလင်းဖြန့်ကျက်ထားလို့ပါ။ ဒါပေမဲ့ အောက်မှာ ရှိနေတဲ့ သစ်ပင်တွေကိုတော့ နှင်းထူထူဖုံးအုပ်လို့နေပါတယ်။ အသက်ပြင်းပြင်းတစ်ချက်ကို ရှူသွင်းလိုက်မယ်ဆိုရင် အေးစိမ့်ခြောက်သွေ့တဲ့ လေထုကို ရှုသွင်းလိုက်မိမှာပါ။
၀ှစ်
လူငယ်လေးတစ်ဦး ကောင်းကင်ထက် ပေါ်လာခဲ့ပါပြီ။ တောက်ပတဲ့ နှလုံးသားကျွန်းကို သူကြည့်နေလို့ပါ။
ရွှစ် ရွှစ် ရွှစ်
စိတ်ဓာတ်ကျနေပုံရတဲ့ မီးခိုးရောင်၀တ်စုံ၀တ် လူငယ်လေးတစ်ဦး၊ မိုးပြာရောင်၀တ်စုံနဲ့ ကောင်မလေးတစ်ဦး နဲ့ ရေမြေခွေးဖြူကြီးတို့ ရုတ်တရက်ပေါ်လာခဲ့ပါပြီ။
“ဂိုဏ်းတူအစ်ကိုကြီး…”
မီးခိုးရောင်၀တ်စုံနဲ့ လူငယ်လေး မူနော့စွန်းလည်း နင်ကို မယုံကြည်နိုင်စွာ ကြည့်လို့နေမိပါတယ်။“ဆရာပြန်လာပါပြီလို့ ကျွန်မရှင့်ကိုပြောပြသားပဲ။ ရှင်မှ မယုံတာ။ ကျွန်မက ဆရာ့ရဲ့ ဝိညာဉ်သားရဲလေ။ ကျွန်မရဲ့ အာရုံက ဘယ်လိုလုပ်မှားနိုင်ပါ့မလဲ..။”
ချွင်ကလေးလည်း နင်ဆီကို ၀မ်းသားအားရပျံသန်းသွားခဲ့ပြီလေ။ လေထဲမှာပဲ မြကောင်းကင်မြွေနဂါးမလေးအသွင်ပြောင်းလဲသွားခဲ့ပြီး နင်ရဲ့ လက်မောင်းမှာရစ်ပတ်လိုက်ပါတော့တယ်။ သူမရဲ့ ဦးခေါင်းနဲ့ နင်ကို ပွတ်သပ်လိုက်ပြီးတော့
“ဆရာ… ကျွန်မ သေမတတ်ကို စိတ်ပူနေခဲ့ရတာပါရှင်.. နောက်ဆုံးတော့ ဆရာပြန်ရောက်လာခဲ့ပြီနော်။”နင်လည်း မြွေနဂါးမလေး ဦးခေါင်းကို ပုတ်လိုက်ပါတယ်။
“သားလေးပြန်ရောက်လာတာကောင်းတယ်။”
ဦးလေးဖြူက စကားတော့သိပ်မပြောပါဘူး။ သူ့မျက်လုံးတွေမှာတော့ ၀မ်းသာပျော်ရွှင်မှုတွေ ပြည့်နေလို့ပါ။“ဂိုဏ်းတူအစ်ကိုကြီး.. အားလုံးက.. ကျွန်တော့်…”
နာ့စွန်းလည်း နင်ကိုကြည့်နေမိပါတယ်။
![](https://img.wattpad.com/cover/221419292-288-k811127.jpg)