Chp 594 ( စိတ်ဝိညဉ် ရှာဖွေခြင်း)

40 5 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 29
Chapter 594 (စိတ်ဝိညာဉ် ရှာဖွေခြင်း)

ထိုင်နေတဲ့ အမျိုးသမီးဟာ နည်နည်းလေးမှကို မတုန်လှုပ်ခဲ့ပါဘူး။ သူမလည်း အေးစက်စက်ရယ်မောလိုက်ပြီးတော့ မတ်တတ်ထရပ်လာခဲ့ပါပြီ။ ဒီမှာပဲ အစောပိုင်းက ပိန်ချုံးလို့နေတဲ့ သူမရဲ့ ခန္ဓာကိုယ်ဟာ ပြန်ပြီးတော့ ပြည့်တင်းလာခဲ့ပြီလေ။ သူမရဲ့ အသားအရေဟာလည်း အလွန်ကို နူးညံ့အိစက်ပုံပါ…. သူမ မတ်တတ်ထရပ်လိုက်တဲ့အချိန်ကတည်းက ငတ်ပြတ်နေတဲ့ သူတောင်စားမ ဘ၀ကနေ ပြိုင်စံရှားတဲ့ အလှမယ်အဖြစ် ပြောင်းလဲသွားခဲ့ပြီလေ။

“လီလီက အစစ်အမှန် အင်မော်တယ်ကို နှုတ်ခွန်းဆက်သပါတယ်ရှင်…”
အမျိုးသမီးက ပြုံးရွှင်စွာနဲ့
“အပြင်လူကို ကျွန်မ မတွေ့ခဲ့တာတောင် တော်တော်ကြာနေပြီပဲ… အင်း..  ကြီးကြပ်သူတွေကို မမြင်ခဲ့ရတာပျက်စီးခြင်းစက်၀န်း သုံးခု ရှိခဲ့ပြီ… ရှင်ပေါ်လာတဲ့အတွက်လည်း ကျွန်မ တော်တော်ကို ၀မ်းသာမိပါတယ်။ ၀မ်းသာဖို့အကောင်းဆုံးသတင်းကတော့ ပန်ဂဲနိုင်ငံတော်ကြီး ပျက်စီးသွားခဲ့ပြီဆိုတဲ့ သတင်းပဲလေ။ ဟားဟားဟားဟား.. ဘယ်လောက်တောင် ပျော်ဖို့ကောင်းလိုက်လဲ…”

အမျိုးသမီးကို နင်စိုက်ကြည့်နေမိပါတယ်။ သူမက ထိတ်လန့်မကြား မဖြစ်သွားဘူးလား…

“လီလီ့အနေနဲ့ အသင့်ရဲ့ နာမည် ဒါမှမဟုတ် ဘွဲ့အမည်ကို သိခွင့်ရှိရဲ့လား အစစ်အမှန် အင်မော်တယ်ရှင့်…”
အမျိုးသမီးက မေးလာခဲ့တာပါ။

“ဒက်နော့…”
နင်က သူမကို ကြည့်နေခဲ့ပါတယ်။

“ဒက်နော့ …”
အမျိုးသမီးက ဖြည်းဖြည်းချင်းပဲ ခေါင်းညိတ်လိုက်ပြီးတော့
“အစစ်အမှန် အင်မော်တယ်ရှင်.. ရှင်သာ ကျွန်မကို လွှတ်ပေးနိုင်မယ်ဆိုရင်.. ကျွန်မအနေနဲ့ ရှင့်ကို သစ္စာခံပါ့မယ်။ ရှင့်လက်အောက်မှာလည်း လိုလိုလားလားနဲ့ သစ္စာခံပေးမှာပါ။”

“ငါမင်းကို လွှတ်ပေးဖို့အတွက် အစွမ်းမရှိသေးဘူး…”
နင်ပြောလိုက်ပါတယ်။

အမျိုးသမီးလည်း နည်းနည်းတော့ အံ့အားသင့်သွားပုံပါ…. ဒါပေမဲ့ ချက်ချင်းပဲ သူမ ခေါင်းညိတ်လိုက်ပြီးတော့
“အိုး.. ဟုတ်သားပဲ.. ဒီ ခြေကျင်းတွေကို ဖွင့်ပေးနိုင်ဖို့က အရမ်းကို ခက်ခဲတဲ့ ကိစ္စပဲလေ။ ကမ္ဘာ့ နတ်ဘုရား ဒါမှမဟုတ် ပျက်စီးခြင်း အင်မော်တယ်တွေသာ ပန်ဂဲ ဘုရင်ကြီးရဲ့ တံဆိပ်တော် မလိုပဲ ဒီခြေကျင်းတွေကို ဖျက်ဆီးနိုင်မှာလေ။ ဒါပေမဲ့ .. အစစ်အမှန် အင်မော်တယ်ရှင့်.. ကျွန်မလည်း မသေလိုသေးပါဘူးရှင်.. ဒါကြောင့် ရှင့်ဆီမှာ ကျွန်မသစ္စာခံပါ့မယ်။ တစ်ခုပဲ ပြောချင်တာက ကျွန်မရဲ့ စိတ်ဝိညာဉ်မှာ တံဆိပ်တော် မရိုက်ခတ်လိုက်ဖို့ပါရှင်..”

Book 21 - 30Where stories live. Discover now