Book 24 Chp 11

44 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 24 
Chapter 11 (မဟာအန္တရာယ်ကြီး)

“မဖြစ်နိုင်တာ.. သူ့အနေနဲ့ အင်ပါရီယာ နတ်ဘုရားကော အစစ်အမှန် အင်မော်တယ်ကော မဖြစ်နိုင်သေးဘူး။ သူ့ရဲ့ မိုးကောင်းကင်စမ်းသပ်စစ်ဆေးမှုတွေကို ကျော်ဖြတ်ပြီးသွားပြီဆိုရင် ငါတို့ အက်ကြောင်းမဲ့ဂိတ်က သေချာပေါက်ကို သိနေမှာ..။ ငါတို့ကို ဖုံးကွယ်ထားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။”
ခရမ်းရောင်မြက်လေးနဲ့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကောင်းကင်အင်မော်တယ်တွေအားလုံး တုန်လှုပ်ခြောက်ခြားလာကြပါပြီ။ ဂျိနင်ရဲ့ ကြောက်စရာကောင်းလွန်းလှတဲ့ အစွမ်းကြောင့်.. သူကို အင်ပါရီယာ နတ်ဘုရားအလား ထင်မှတ်မှားလာခဲ့တာပါ။ ဒါပေမဲ့ ဒါက အဓိပ္ပာယ် မရှိတဲ့ကိစ္စပဲလေ။

လုံး၀ကို မဖြစ်နိုင်တဲ့ကိစ္စပါ။

ဂျိနင်က ၈၉ ပါးလျှို့ဝှက်နတ်သိုင်း တတ်မြောက်ထားတဲ့အတွက် အင်မော်တယ် အော်ရာအရှိန်အဝါကို ဖုံးကွယ်ထားနိုင်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ မိုးကောင်းကင်ရဲ့ စမ်းသပ်စစ်ဆေးမှုကိုတော့ ကျော်ဖြတ်ရဦးမှာလေ။ ဒီနေရာမှာ သူ့အနေနဲ့ အက်ကြောင်းမဲ့ဂိတ်ရဲ့ မြင်ကွင်းကနေ လွတ်သွားစရာ အကြောင်းကို မရှိပါဘူး။ ပြောရရင် လောကသုံးပါး တခွင်က သက်ရှိအားလုံးရဲ့ မိုးကောင်းကင် စမ်းသပ်စစဆေးမှု အားလုံးဟာ အက်ကြောင်းမဲ့ဂိတ်ရဲ့ မျက်လုံးကနေ ထွက်ပြေးလို့ လုံ၀ မလွတ်နိုင်တာပါ။

“အား…”
ထွက်ပြေးနေတဲ့ ကောင်းကင်အင်မော်တယ် တစ်ဦးက ရေခအားအိုးကြီး တစ်အိုးနဲ့ ခုခံကာကွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ နင်ရဲ့ ဓားလက်ချောင်းက အဝေးကို လွင့်ထွက်သွားစေခဲ့တဲ့အပြင် သူ့အသက်ကိုပါ နုတ်ယူသွားခဲ့ပြီလေ။ သူပျောက်ကွယ်သွားခဲ့သလို သူ့တာအိုလည်း အဆုံးသတ်သွားခဲ့ပါပြီ။

“ဂျိနင်က ဘယ်လိုလုပ် ဒီလောက်အထိ အစွမ်းထက်လာရတာလဲ..။”
ကောင်းကင်အင်မော်တယ်တွေလည်း ၀မ်းနည်းကြေကွဲ ခံပြင်းစွာနဲ့ ညည်းညူလိုက်ကြပါတယ်။ ကောင်းကင်ကို ထိုးခွဲသွားတဲ့ ဓားလက်ချောင်းတွေမှာ အရာအားလုံး ခြေမှုန်းနိုင်တဲ့ အဖျက်စွမ်းအားတွေ ပါ၀င်နေတယ်လေ။

Book 21 - 30Where stories live. Discover now