Chp 593 ( ဂျိဒန်ကို အဆင့်မြှင့်တင်ခြင်း)

35 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 29
Chapter 593 (ဂျိဒန်ကို အဆင့်မြင့်တင်ခြင်း)

“ငါ့ရဲ့ လမ်းက အသေဖြစ်သွားပြီလား…”
ဂျိနင် လက်မခံလိုခဲ့ပါဘူး။ ချက်ချင်းပဲ သူမေးကြည့်လိုက်ပြီလေ။
“ကျွန်တော်က အခုဆို အစစ်အမှန် အင်မော်တယ် ဖြစ်နေပြီလေ။ ကျွန်တော့်ဂျိဒန်က တော်တော်ကို အားနည်းနေသေးတယ်။ ဒါကို နည်းနည်းလောက် မြင့်တဲ့အဆင့်တစ်ခု ရောက်အောင် အဆင့်မြင့်လို့ တကယ်မရတော့တာလားခင်ဗျာ…”

ပန်ဂဲ ပျက်စီးခြင်း ကမ္ဘာရဲ့ ကျင့်စဉ်တွေအရတော့… အစစ်အမှန် အင်မော်တယ်နဲ့အစစ်အမှန် နတ်ဘုရားဟာ အဆင့်တူမှာ ရှိနေခဲ့ပြီလေ။ ဒါက လောကသုံးပါးရဲ့ တာအိုဖခင်ကြီးအဆင့်နဲ့ ညီသွားပါပြီ။

“အသုံးမ၀င်တော့ဘူး… မင်းရဲ့ ဂျိဒန်က ဖြစ်လာခဲ့ပြီးပြီလေ။ မင်းဘယ်လောက်ပဲ ကြိုးစားကြိုးစား မင်းရဲ့လမ်းကြောင်းဟာ ပြောင်းလဲလို့ မရတော့ဘူး။”
ခွေးရိုင်းကြီးက နင်ကို မျက်လုံးဝါကြီးတွေနဲ့ ကြည့်နေခဲ့ပါတယ်။
“မင်းမှာ အားအနည်းဆုံးသော ဂျိဒန်ရှိနေခဲ့တယ်။ ဒါကြောင့် မင်းက အစစ်အမှန် အင်မော်တယ်ဖြစ်ပေမဲ့လည်း အစွမ်းအထက်ဆုံးသော ကောင်းကင်အင်မော်တယ်တွေဟာ မင်းထက်တောင် ပိုပြီး အစွမ်းထက်ကြလိမ့်ဦးမယ်။ မင်းက ဘိုးဘေးအင်မော်တယ်ဖြစ်လာမယ်ဆိုရင်…  ထိပ်တန်းအဆင့် အစစ်အမှန် အင်မော်တယ်ဟာ မင်းနဲ့ အင်အားချင်း အဆင့်တူလောက် ရှိနေလိမ့်မယ်။ မင်းအမြဲတမ်းကို ခြေတစ်လှမ်း နောက်ကျနေရတော့မှာ..”

နင်လည်း အံကို တင်းတင်းကြိတ်လိုက်မိပါတယ်။ လောကသုံးပါးမှာတော့ အခြေအနေတွေဟာ မတူညီခဲ့ပါဘူး။ အစစ်အမှန် အင်မော်တယ်တွေဟာ အင်ပါရီယာ နတ်ဘုရားအဆင့်မှာ ရှိနေခဲ့ပြီးတော့ တာအိုဖခင်ကြီးတွေကတော့ အစစ်အမှန် နတ်ဘုရားတွေနဲ့ အဆင့်တူမှာ ရှိနေခဲ့တယ်လေ။

“ဒါပေမဲ့ မိုးကောင်းကင်က အမြဲတမ်းကို အခွင့်အရေးအမျှင်တန်းလေး ပေးထာေးပးပါတယ်။ ဒါကြောင့် နည်းလမ်းရှိနိုင်ဦးမှာပါ။”
နင်ပြောလိုက်မိလို့ပါ။

“အိုး.. ပြောရမယ်ဆိုရင်တော့ ဖြစ်နိုင်တာပေါ့..”
ခွေးရိုင်းကြီးက ပြောလာခဲ့ပါတယ်။
“ဒါပေမဲ့ ဂျိဒန်က မိုးကောင်းကင် စမ်းသပ်စစ်ဆေးမှုကို ကျော်ဖြတ်ပြီးမှ ဖြစ်ပေါ်လာခဲ့တာလေ။ ဒါကို ပြီးမှ ပြန်ပြီးပြုပြင်ပြောင်းလဲမယ်ဆိုတော့.. မိုးကောင်းကင်ရဲ့ စမ်းသပ်စစ်ဆေးမှုတွေကို ကျော်ဖြတ်တာထက်တောင် ပိုပြီးခက်ခဲသွားခဲ့ပြီလေ။”

Book 21 - 30Where stories live. Discover now