Book 26 Chp 11

38 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 26 
Chapter 11 (သန့်စင်သောယန် အစစ်အမှန် အင်မော်တယ်ရဲ့ အစွမ်း)

၀ုန်း ဝုန်း ဝုန်း

သန့်စင်သောယန် အင်မော်တယ်ဆေးလုံးတွေထဲမှာ အလွန်ကို သန့်စင်တဲ့ ဓတ်စွမ်းအင်တွေ ပါ၀င်နေတယ်လေ။ ချက်ချင်းဆိုသလိုပဲ ဓာတ်စွမ်းအင်ပင်လယ်လှိုင်းလုံးကြီးတွေဟာ ဂျိနင်ရဲ့ ဂျိဒန်နယ်မြေမှာ ဖြစ်ပေါ်လာခဲ့ပါပြီ။ ဆေးလုံးတိုင်းရဲ့ စွမ်းအင်တွေကို ထုတ်လွှင့်လိုက်ပြီဖြစ်သလို ဂျိဒန်ကလည်း အငမ်းမရကို စုပ်ယူစားသုံးလိုက်ပါတယ်။ အလွန်ကို ခြောက်သွေ့နေပြီဖြစ်တဲ့ မြစ်ကြီးတစ်စင်းအလား.. မြေပြင်ဟာ အက်ကွဲနေခဲ့သလိုပါ..။ မိုးအကြီးအကျယ်ရွာသွန်းလိုက်ရင်တောင် မြစ်ကြမ်းပြင်ဟာ ရေတွေကို အလွယ်တကူ စုပ်ယူသွားနိုင်တယ်လေ။

ပြောရရင် အင်မော်တယ် ဆေးလုံးတွေက စွမ်းအင်ထုတ်လွှင့်တဲ့ နှုန်းဟာ ဂျိနင်ရဲ့ စုပ်ယူနှုန်းကို မမှီနိုင်ခဲ့ပါဘူး။

၀ှစ် ဝှစ် ဝှစ် ဝှစ် ဝှစ်

ဂျိနင်ရဲ့ ရင်၀မှာတော့ ကြည်လဲလဲ့ ကီစွမ်းအင်ငါးမျိုးဟာ ဖြစ်ပေါ် စီးဆင်းနေခဲ့ပါပြီ။

ဒါတွေကတော့ ဓာတ်ကြီးငါးပါးရဲ့ တာအိုငါးခုက ဂျိနင်ရရှိထားခဲ့တဲ့ ဥာဏ်အလင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကီစွမ်းအင်ပါ။ သူတို့တွေဟာ အားလုံးစုဝေးလို့သွားခဲ့ကြပြီး.. မိုးနဲ့မြေ နဲ့ ဂျိနင်နဲ့ကို ချိတ်ဆက်ပေးလိုက်ကြပါတော့တယ်။

နင်လည်း နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်လာခဲ့ပြီးပြီလေ။ ဓားတာအိုအပြင်ကို မိုးရေစက်တာအိုမှာပါ သူအရမ်းအဆင့်မြင့်နေခဲ့ပါပြီ။ အခုဆို သူတစ်၀က်မကကို အောင်မြင်ခဲ့ပြီးပြီလေ။ သာမန်ရေနဲ့ ပတ်သက်တဲ့ တာအိုတွေအနေနဲ့တော့… နောက်ထပ် အမျိုးအစား၁၆ မျိုးအထိ သူအောင်မြင်သွားခဲ့ပြီးပါပြီ။ ပြောရရင် သာမန်တာအိုလေးတွေ အောင်မြင်ခြင်းဟာ ဂျိနင်ကို အနည်းငယ်လောက်ပဲ ပံ့ပိုးပေးနိုင်တော့တယ်လေ။ မဟာတာအိုလမ်းစဉ်မှာ လျှောက်လှမ်းရင်းနဲ့ မကြာခဏဆိုသလိုပဲ… သာမန်တာအိုလေးတွေကို သူနားလည်အောင်မြင်ခဲ့ပါတယ်။

Book 21 - 30Where stories live. Discover now