Book 24 Chp 19

39 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 24 
Chapter 19 (မိစ္ဆာနှလုံးသား)

“အင်ပါရီယာပြည့်ရှင်မင်းမြတ်ကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ..”
ဂျိနင် အရမ်းကို ၀မ်းသာလို့ သွားခဲ့ပါပြီ။

ရှအင်ပါရီယာပြည့်ရှင်လည်းခေါင်းညိတ်လိုက်ပြီးတော့
“အင်မော်တယ်တွေအတွက် မိုးကောင်းကင်စမ်းသပ်စစ်ဆေးမှုက အကြီးမားဆုံးနဲ့ အန္တရာယ် အများဆုံး ကပ်ဘေးပဲလေ။ ဒါကို ရင်ဆိုင်ဖို့အတွက် ယုံကြည်မှုတွေ လွန်ကဲနေလို့ မရဘူး။ မင်းကိုလည်း ကမ္မအကုသိုလ် အပြစ်သားမီးလျှံတွေ လောင်ကျွမ်းနေတော့.. မင်းရဲ့ မိစ္ဆာနှလုံးသား စမ်းသပ်စစ်ဆေးမှုက တကယ့်ကိုပြင်းထန်နေမှာသေချာတယ်။”

နင်လည်းခေါင်းညိတ်လိုက်ပါတယ်။

မှန်ပါတယ်။

မိစ္ဆာနှလုံးသား..

နောက်ဆုံးအကြိမ်တုန်းက ကမ္မအကုသိုလ် အပြစ်သားမီးလျှံတွေက သူ့ကို သုံးကြိမ်တိတိ ကပ်ဘေးတွေ ကျဆင်းလာစေခဲ့တယ်လေ။ သူ့ရဲ့ မိစ္ဆာနှလုံးသား စမ်းသပ်စစ်ဆေးခြင်းဟာ ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာကို နင်နားလည်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ဒီတစ်ခေါက် သူကျော်ဖြတ်နိုင်မယ် မကျော်ဖြတ်နိုင်ဘူးဆိုတာကို သေချာမပြောနိုင်သေးပါဘူး။

“ပြည့်ရှင်မင်းမြတ်.. ဒါဆို ကျွန်တော်ပြန်လိုက်ပါဦးမယ်ခင်ဗျာ..”
နင်ပြောလိုက်ပါတယ်။

“သွားလေ.. နောက်နှစ်ရက်နေရင် ဘယ်နေရာဖြစ်မယ်ဆိုတာ ငါလှမ်းအကြောင်းကြားလိုက်မယ်။”
ရှအင်ပါရီယာပြည့်ရှင် ပြောလိုက်ပါတယ်။

နင်လည်း ချက်ချင်းကို ထွက်ခွာသွားပါတော့တယ်။

ဒီတစ်ခေါက် ခရီးက တန်ပါတယ်။ ရှအင်ပါရီယာပြည့်ရှင်က ကူညီပေးမယ်လို့ ကတိစကားပေးခဲ့တယ်လေ။ တာအိုဖခင်ကြီးသာ သူ့ကို ကူညီမယ်ဆိုရင်တော့..  မိုးကောင်းကင်စမ်းသပ်စစ်ဆေးမှုနဲ့ပတ်သက်ပြီး စိတ်ပူဖို့ မလိုတော့ပါဘူး။

“သေစမ်း”

တော်၀င်ရှ အင်ပါရီယာပြည့်ရှင်မင်းမြတ်ကို နင်သွားပြီးပြောတဲ့နေ့မှာပဲ.. ကြာပန်းသဏ္ဌာန် ကျောက်စိမ်းခုတင်ထက် ထိုင်လို့နေတဲ့ အဇူရာ၀တ်စုံနဲ့ ကောင်မလေး မျက်နှာပျက်လို့သွားပါတော့တယ်။ ချက်ချင်းကို သူမ အော်ပြောလိုက်ပြီလေ။
“အစစ်အမှန် အင်မော်တယ် ဂေါ်ဒီ၊ အစစ်အမှန်အင်မော်တယ် သေမင်းမြက်၊ ကောင်းကင်အင်မော်တယ် အမှောင်ကောင်းကင်ဘုံ၊ ကောင်းကင်အင်မော်တယ် အဆိပ်ရုပ်ဆိုးကြီး ၊ အင်ပါရီယာ နတ်ဘုရား နေသုံးစင်း ၊ အင်ပါ၇ီယာနတ်ဘုရား သားရဲဘုရင် ပြီးတော့ ခမ်းနားကြီးကျယ်သော မိစ္ဆာဂူနန်းနဲ့ သွေးတိမ်တိုက်ခန်းမရဲ့ ခေါင်းဆောင်တွေကိုပါ အခုချက်ချင်း ဖိတ်ခေါ်လိုက်တော့..။”

Book 21 - 30Where stories live. Discover now