Book 23 Chp 16

42 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 23 
Chapter 16 (အင်ပါရီယာ နတ်ဘုရားကြီး ခုနစ်ဦး ထွက်ပေါ်လာပြီ)

ကြာပွတ်နက်ကြီးတွေက နင်ကို လုံး၀ ရစ်ပတ်နှောင်ဖွဲ့ထားလို့ပါ။ အံကိုတင်းတင်းကြိတ်ပြီးတော့  သူရုန်းကန်ခဲ့ပေမဲ့ မလွတ်မြောက်နိုင်ခဲ့ပါဘူး။ နင်လည်း ဒေါသထွက်လာသလို ၀မ်းနည်းကြေကွဲသွားခဲ့ရပါပြီ။

“ငါဟာ ၈၉ပါးလျှို့ဝှက်နတ်သိုင်းကိုလေ့ကျင့်ပြီးတော့ အင်ပါ၇ီယာ နတ်ဘုရားတစ်ဦး နီးနီးလောက်ကို အစွမ်းထက်နေခဲ့ပြီ။ မဟာကောင်းကင်အင်မော်တယ်နဲ့ အဆင့်ညီတဲ့ ခရမ်းရောင် ၀တ်ရုံ၀တ် စစ်သူရဲကြီးတွေကို ငါ့စိတ်ထဲ ထည့်ထားဖို့တောင်မလိုတော့ဘူးလေ။ ပထမဆုံးတိုက်ကွက်မှာပဲ ငါအဖမ်းခံလိုက်ရမယ်လို့ ဘယ်သူထင်ခဲ့မိမှာလဲ..။”
နင်လည်း စစ်သူကြီးနဲ့ စစ်သူရဲကြီးတွေကို အေးစက်စက်အကြည့်နဲ့ ကြည့်လိုက်ပါတယ်။

“ဟားဟား..ဂြိုလ်သားကိုကြည့်စမ်းပါဦး..ယဉ်ကျေးအောင် သင်ပေးရဦးမယ်ကွ..။”

“ငါတို့က သူ့ကို အေးအေးဆေးဆေးတိုက်ခိုက်နေတာနဲ့… ငါတို့စစ်သူကြီးကိုပါ အနိုင်ရနိုင်ပြီထင်နေတာလားမသိဘူး..။”

“စစ်သူကြီးက မိုးကောင်းကင်အဆင့်ကို ကျော်လွန်သွားခဲ့ပြီလေ။ အခုဆို သူတော်စင်အဆင့်ကို ရောက်နေပြီ။ ပြီးတော့ ပထမ တပ်မဟာရဲ့ စစ်သူကြီးအနေနဲ့ သူက အစွမ်းအထက်ဆုံးသော သူတော်စင်အဆင့်ရောက်နေသူ တစ်ဦးပဲ။ ဂြိုလ်သားက သူ့ကိုရင်ဆိုင်နိုင်မယ်များ တွေးနေတာလားမသိဘူး.. ဟားဟား…”

ခရမ်းရောင် ၀တ်ရုံ၀တ် စစ်သူရဲကြီးတွေ စကားပြေဆိုနေကြတာပါ။

သူတော်စင်အဆင့်ဆိုတာကတော့ လောကသုံးပါးရဲ့ အင်ပါရီယာ နတ်ဘုရားအဆင့်နဲ့ အတူတူပါ။

သူတို့တွေက ချိုကျိုးကမ္ဘာမှာ အလွန်ကို ရာထူးမြင့်မားကြတဲ့ ရွှေရောင်၀တ်ရုံကို ခြုံထားကြပါပြီ။ အကြီးအကဲတို့ရဲ့ နန်းတော်က အကြီးအကဲတွေနဲ့ တပ်မဟာကြီးတွေရဲ့ စစ်သူကြီးတွေဟာ ဒီအဆင့်မှာပါ။ ပြီးတော့ ပထမတပ်မဟာကို ဦးဆောင်တဲ့ စစ်သူကြီးဖြစ်တဲ့အပြင်ကို နယ်ခြားတိုက်ပွဲတွေ ရံဖန်ရံခါ ရင်ဆိုင်ရသူ ဖြစ်တဲ့အတွက် သူဟာ ချိုကျိုးကမ္ဘာကြီးတစ်ခုလုံးရဲ့ စစ်နတ်ဘုရားဆိုလည်း မမှားပါဘူး။ အားလုံးဟာ သူ့ကိုလေးစားကြည်ညိုကြပါတယ်။

Book 21 - 30Where stories live. Discover now