Book 21 Chp 10

54 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 21 
Chapter 10 (စိတ်ဝိညာဉ် ယဉ်ပါး ကျောက်စိမ်း)

ပူးပေါင်း ၀င်္ကဘာတွေဖြစ်တဲ့ ပါ့မြွေနဂါး၀င်္ကဘာ၊ ပိုင်အန်ကျား၀င်္ကဘာ စတာတွေအားလုံးဟာ လူတွေက မတူညီတဲ့ ၀င်္ကဘာအစ်ိတ်အပိုင်းတွေကို ထ်ိန်းချုပ်ပြီး အသုံးပြုရတာလေ။ အားလုံး လိုက်လျောညီထွေ လှုပ်ရှားလိုက်တဲ့အခါမှာတော့… ကြောက်ခမန်းလိလိကို အစွမ်းထက်လာခဲ့ပါပြီ။ ဂျိနင်နဲ့ မူလအမွှာ အသုံးပြုတာကလည်း အလားတူပါပဲ..။ ၀င်္ကဘာ သဘောတရားကို အခြေခံပြီး ပူးပေါင်းတိုက်ခိုက်လိုက်တာပါ။ တကယ်တော့ အကွက်ကျကျ သိုင်းကွက်ခင်းပြီး တိုက်ခိုက်တာ မဟုတ်ပေမဲ့လည်း အရမ်းကို လိုက်လျောညီထွေ ဖြစ်လှတဲ့အတွက် အရမ်းကို အစွမ်းထက်လာခဲ့ပါပြီ။

ဂါး ရား…

ရွှေရောင်အင်မော်တယ် ဓားကြီးဟာ ရစ်ခွေနေတဲ့ နတ်နဂါးနက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။ နတ်နဂါးနက်ကြီးက မာန်သွင်းအော်ဟစ်လိုက်ပါတယ်။ မာန်သွင်းအော်ဟစ်လိုက်တဲ့အသံဟာ…  ကမ္ဘာတစ်ခွင်ကို တုန်လှုပ်သွားစေခဲ့ပါပြီ။

ဒါကတော့ ထိပ်တန်းအဆင့် အင်မော်တယ် မှော်ရတနာ ဓားပျံပေါင်း  ၃၀၀ ကျော်ကနေ ထွက်ပေါ်လာတဲ့ အရှိန်အဝါပါ။ ဓားတွေအားလုံးဟာ ဓားပျံကြီးတစ်ထောင် ၀င်္ကဘာ ဓားသိုင်းကြောင့် အင်အားတွေအကုန် ပေါင်းစည်းသွားတဲ့အခါမှာတော့..

အရမ်းကို အားမာန် ပြင်းထန်လွန်းလှပါတယ်။ ဖင်းဂေါ့ခန္ဓာကိုယ် ကျင့်စဉ်ကျင့်ထားသူတွေတောင် ဘယ်လိုမှကို လိုက်မှီနိုင်စရာ အကြောင်းမရှိသလိုပါ…။

“ဘာ… ”
ငွေရောင်၀တ်စုံ၀တ် လူငယ်လေး မျက်နှာပျက်လို့ သွားခဲ့ပါပြီ။
“ရပ်စမ်း”

“ရွှီ ရွှီ..”

အဇူရာ မြွေနဂါးကြိုးဟာ မြွေသံကို ပြုလိုက်ပါတယ်။ အင်မတန်ကြီးမားလှတဲ့ အဇူရာ မြွေနဂါးကြီးဟာ နတ်နဂါးနက်ကြီးနဲ့ ရင်ဆိုင်လိုက်ပါပြီ။

နတ်နရါးနက်ကြီးဟာ ကောင်းကင်ထက် ပျံတက်သွားနေတာပါ။

အဇူရာ မြွေနဂါးကြီးကတော့ မြည်သံပြုပြီး ဆင်းသက်လာခဲ့ပါပြီ။

Book 21 - 30Where stories live. Discover now