Book 24 Chp 20

38 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 24 
Chapter 20 (တောက်ပသော နှလုံးသားကျွန်း၀ယ်)

အခုကတော့ နွေရာသီကုန်ဆုံးခါနီးပြီး ဆောင်းဦးနဲ့နီးလာခဲ့ပါပြီ။ မနက်ခင်းတွေဟာ အေးမြနေလို့ပါ။

ချိုင့်ဝှမ်းဒေသ၊ တောင်ပံမြွေနဂါးရေအိုင်၊ တောက်ပသော နှလုံးသားကျွန်းလေးထဲ၀ယ်…
ဂျိနင်တစ်ယောက် အခန်းထဲကနေ တစ်ယောက်တည်း ထွက်လာပြီးလမ်းလျှောက်လို့ပါ။ ယုဝေကတော့ အိပ်စက်လို့နေဆဲ..။ ကောင်းကင်အင်မော်တယ်အဆင့်မှာတော့ တစ်ဦးအနေနဲ့ အစောကြီးထပြီးတော့ နေ့တဓူ၀ အလုပ်တွေ လုပ်စရာမလိုတော့ပါဘူး။ အရေးကြီးတာကတော့ တာအိုပါ။ တာအိုဥာဏ်အလင်းကိုလုံလောက်တဲ့အဆင့်.. ဥပမာ မဟာတာအိုကို အောင်မြင်သွားတာနဲ့ ရင်ဘတ်ထဲမှာ ကီစွမ်းအင်တွေ စုစည်းလာပြီးတော့ သန့်စင်သောယန် အစစ်အမှန် အင်မော်တယ်တန်းပြီးဖြစ်သွားပါလိမ့်မယ်။

ဒါပေမဲ့ တာအိုကို နားလည်ဖို့ဆိုတာကအရမ်းကို ခက်ခဲလွန်းတယ်လေ။ ကောင်းကင်အင်မော်တယ်အများစုဟာ နောက်ဆုံးအဆင့်မှာ တစ်နေတတ်ကြပါတယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား မအောင်မြင်နိုင်ခဲ့ပါဘူး။

ဒါကြောင့် ယုဝေလည်း အေးအေးဆေးဆေးသာ နေထိုင်ဖြစ်တာပါ။ ရွှေကျီးကန်း အမြင့်ဆုံးကောင်းကင်အထိ တက်လာချိန်မှာတောင် သူမအိပ်ရာ မထသေးပါဘူး။

၀ှစ် ဝှစ် ဝှစ်

နင်လည်း ကမ်းစမ်းကို လမ်းလျှောက်လာခဲ့ပါတယ်။ တောင်ပံမြွေနဂါးရေအိုင်ရဲ့ ရေလှိုင်းသံကို သူကြားလာခဲ့ပါပြီ။ အခုက လေငြိမ်နေပေမဲ့လည်း သုံးပေလောက် မြင့်တဲ့ လှိုင်းလုံးကြီးတွေဟာ ကမ်းစပ်ကို မကြာခဏဆိုသလို ရိုက်ခတ်နေလို့ပါ။

နင်ရဲ့လက်ထဲမှာတော့ ဒက်နော့ဓားတွေ ရှိနေပါတယ်။ သူ့ရဲ့ ပုခုံးထက်မှာတင်ပြီးတော့ အဆောက်အဦးများစွာကိုဖြတ်လျှောက်လာခဲ့ပြီလေ။

“သခင်လေး..”

“သခင်လေး..။”

အမှုထမ်းပေါင်းများစွာနဲ့ ရံရွေတော်ပေါင်းများစွာဟာ သူ့ကိုမြင်လိုက်တိုင်း နှုတ်ဆက်ဂါရ၀ ပြုလိုက်ကြပါတယ်။

Book 21 - 30Where stories live. Discover now