Chp 620 ( မတွေ့တာကြာပြီဘဲ)

54 4 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 31
Chapter 620 (မတွေ့တာ ကြာပြီပဲ)

စကြ၀ဠာ လှေပျံဟာ မြစ်တစ်စင်းရဲ့ ပြင်းထန်တဲ့လှိုင်းလုံးကြီးတွေအကြားမှာ ခရီးနှင်နေလို့ပါ။

၀တ်စုံဖြူ၀တ် လူငယ်လေးဟာ လှေကလေးအထက်မှာ ထိုင်လို့နေပါတယ်။ သူ့ရဲ့ ကောင်းကင်အင်မော်တယ် ၉၀၀၀၀ နဲ့ လွတ်မြောက်အင်မော်တယ် ၈ သန်းကိုတော့ ကြယ်တာရာဖမ်း ကမ္ဘာဆီ ပြန်လွှတ်လိုက်ပြီလေ။ သူသာ ရာဟူးနင်အဖြစ် ပြောင်းလဲထားတယ်ဆိုရင် နတ်ဘုရားဘုရင်က သူ့ကို အိပ်မက်ကမ္ဘာထဲ ဆွဲမသွင်းနိုင်ပါဘူး။

၀ှစ်

စကြ၀ဠာ လှေပျံအထက်မှာ လူတစ်ဦး ပေါ်လာခဲ့ပါပြီ။

“ဆရာ…”

နင်လည်း မတ်တတ်ထရပ်လိုက်ပြီလေ။

“ဘယ်လိုနေလဲ…”
ရွှီးဖူတိလည်း နင်ကိုကြည့်နေခဲ့ပါတယ်။ သူ့ရဲ့ ဒီတပည့်အတွက် တော်တော် စိုးရိမ်မိခဲ့တယ်လေ။ အက်ကြောင်းမဲ့ဂိတ်ကို ပထမဆုံး အကြိမ် ရင်ဆိုင်တိုက်ခိုက်တုန်းက နင်အများကြီးပဲ စွန့်စားခဲ့တယ်လေ။ ယုဝေက နင်အတွက် ဘယ်လောက် အရေးကြီးလဲဆိုတာကို ရွှီးဖူတိ နားလည်ပါတယ်။ ဒါကြောင့်လည်း သူမကို အသုံးချပြီးတော့ နင်ကို အက်ကြောင်းမဲ့ဂိတ်က ထောင်ချောက်ဆင်လာမှာ သူစိုးရိမ်မိခဲ့တယ်လေ။

“နတ်ဘုရား ဘုရင်က ဘာပြောသွားလဲ…”
ရွှီးဖူတိလည်း လှမ်းမေးလိုက်ပါတယ်။ နတ်ဘုရားဘုရင်က နင်နဲ့ သူရဲ့ ပြောစကားတွေကို ဘယ်သူကမှ စုံစမ်းထောက်လှမ်းလို့ မရအောင် ပညာရပ်အသုံးပြုခဲ့တယ်လေ။
“သူ့ရဲ့ စိတ်ထားအရ… ယုဝေကို တပည့်လက် လွယ်လွယ်ကူကူ အပ်နိုင်မှာ မဟုတ်ဘူး။ သူ့မှာ တောင်းဆိုချက်တွေ ရှိလိမ့်မယ်။ ပြီးတော့ ဒီတောင်းဆိုချက်တွေကလည်း အရမ်းကို အန္တရာယ်များတဲ့ ထောင်ချောက်တွေ ဖြစ်နေနိုင်တယ်လေ။”

ရွှီးဖူတိလည်း သူ့အတွက် တော်တော်ကို စိုးရိမ်နေခဲ့မိပါတယ်။

“ဆရာပြောတာ အမှန်ပါပဲခင်ဗျာ…”
နင်ဖြေလိုက်ပါတယ်။
“နတ်ဘုရား ဘုရင်ဆီမှာ တောင်းဆိုချက်တွေ ရှိနေပါတယ်။ သူက ရတနာသုံးခုပေးမှ သူမကို လွှတ်ပေးမယ် ပြောခဲ့ပါတယ် ဆရာ…”

You've reached the end of published parts.

⏰ Last updated: Apr 27, 2020 ⏰

Add this story to your Library to get notified about new parts!

Book 21 - 30Where stories live. Discover now