Book 21 Chp 8

49 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 21 
Chapter 8 (ငါ့ကို တားရဲသူ မှန်သမျှ သေရမယ်)

၀တ်စုံနက်၀တ် အဖိုးအို ကျူဟန် ချက်ချင်းကို အသက်ပျောက်သွားခဲ့ပြီလေ။ တံခါး၀မှာ ရပ်ပြီး စောင့်ကြည့်နေတဲ့ ၀တ်စုံနက်၀တ် အစောင့်လည်း အရမ်းကို တုန်လှုပ်ခြောက်ခြားသွားပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလို ဓားအလင်းတစ်ချက်က သူ့ကို ဖြတ်သန်းသွားခဲ့ပြီလေ။

“မဖြစ်နိုင်ဘူး…”
၀တ်စုံနက်၀တ် အစောင့်လည်း အရမ်းကို ခြောက်ခြားကြေကွဲသွားပါတယ်။ သူ… တစ်ချက်ကလေးတောင် အသံမထွက်လိုက်နိုင်ခဲ့ပါဘူး။ ဓားအလင်းကြောင့် သူလည်း ပြာမှုန် ဖြစ်သွားခဲ့ပြီလေ။

“သွားကြစို့..”
နင်လည်း နော့စွန်းကို သူ့ရဲ့ အင်မော်တယ် နန်းတော်ထဲ ထည့်သိမ်းလိုက်ပြီးတော့ တည်နေရာရွှေ့ပြောင်းပို့ဆောင်ခြင်းတာအိုတံဆိပ်တော် အကြီးကို အသုံးပြုလိုက်ပါတော့တယ်။

၀ုန်း

နင်ပျောက်ကွယ်သွားခဲ့ပြီလေ။

“ဘာဖြစ်တာလဲ..။”

“ဘာဖြစ်လို့ ဒီလောက် ပြင်းထန်တဲ့ စွမ်းအင်လှိုင်းတွေ ထွက်ပေါ်လာရတာလဲ..။”
အနက်ရောင် ၀တ်စုံ၀တ် အားလုံး သတိထားမိသွားကြပါပြီ။ နင်လည်း သူ့အင်အားကို သူအတတ်နိုင်ဆုံးထိန်းချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ လုံး၀ မထွက်ပေါ်လာအောင်တော့ တားဆီးလို့ မဖြစ်နိုင်ဘူးလေ။ ပြီးတော့ နန်းတော်တခွင်မှာ စိတ်အာရုံ အရမ်းကို ထက်မြက်တဲ့ အစောင့်အကြပ်တွေ ပြည့်နေခဲ့တာ..။

ဒီအချိန်မှာပဲ…
စကြာ၀ဠာ အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာခဲ့ပြီလေ။

“တည်နေရာရွှေ့ပြောင်းပို့ဆောင်ခြင်း…”

“မဟာတည်နေရာရွှေ့ပြောင်းပို့ဆောင်ခြင်း..”
အနက်ရောင် ၀တ်စုံ၀တ်တွေနဲ့ ကြေးချပ်၀တ်တန်ဆာ၀တ် ဖင်းဂေ့ါအစောင့်အရှောက်တွေအားလုံး မျက်နှာပျက်သွားခဲ့ကြပါပြီ။ ဒီ နန်းတော်ရဲ့ လုံခြုံရေးက အရမ်းကို တင်းကျပ်ပေမဲ့လည်း… မဟာတည်နေရာရွှေ့ပြောင်းပို့ဆောင်ခြင်းနဲ့ ဒီအထဲကို၀င်လာတာကို တားဆီးဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့ အပြင်လူတွေက နန်းတော်ရဲ့ တည်ဆောက်ပုံကို သေချာမသိကြတဲ့အတွက် တည်နေရာရွှေ့ပြောင်းပို့ဆောင်ခြင်းတံဆိပ်တော် အကြီးကို အသုံးပြုမယ်ဆိုရင်တောင်မှ နန်းတော်ထဲကို ရောက်လာဖို့ဆိုတာ တော်တော်ကြီးကို ခဲယဉ်းပါတယ်။

Book 21 - 30Where stories live. Discover now